မြစ်ကြီးနားမြို့၌ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

မြစ်ကြီးနား စက်တင်ဘာ ၁၃
“လူကုန်ကူးမှုအန္တရာယ်ဝိုင်းဝန်းပူးပေါင်းတို့ကာကွယ်” ဆောင်ပုဒ်ဖြင့် ကျင်းပသည့် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အထိမ်းအမှတ်နေ့ ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြု ဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က လူကုန်ကူးမှုတိုက်ဖျက်ရေးကို နိုင်ငံ တော်မှ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြဌာန်းထားပြီးဖြစ်သည့်အတွက် လူကုန်ကူးမှုတိုက်ဖျက် ရေးလုပ်ငန်းစဉ်များအားလုံးတွင် ယနေ့ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ပေးရန် လိုအပ်သဖြင့် အားလုံးပူးပေါင်းကူညီဆောင်ရွက်သွားကြရေး တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ ပေးပို့သော ဒုတိယသမ္မတ (၂) ၏ မိန့်ခွန်းကို ဖတ်ကြားသည်။
ဆက်လက်၍ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများတွင် ပြည်နယ်အဆင့်ဆုရရှိသည့် ကျောင်းသား/ သူများနှင့် လုပ်ငန်းတာဝန်ကို ကျေပွန်စွာဆောင်ရွက်ခဲ့ကြသည့် ထူးချွန်တပ်ဖွဲ့ဝင်များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး များက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနာက် ဆုရကျောင်းသား/သူများက ပြိုင်ပွဲအသီးသီးတွင် ဆုရရှိမှု များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွင် ကြိုးပမ်းအား ထုတ်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ဖွင့်လှစ်ပြသခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ် ရေးအဖွဲ့ဝင်များနှင့် ကျောင်းသား/သူများက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှု အသိပညာပေးပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ကချင်ပြည်နယ်အတွင်း လူကုန်ကူးမှုများနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်အတွင်း အမှု (၂၄)မှု၊ တရားခံ ကျား/ မ(၃၆)ဦးတို့အား စုံစမ်းဖော်ထုတ်အရေးယူနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ (၂၇)ဦးတို့အား ကူညီဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာ(၁၂)ရက်နေ့အထိ အမှုပေါင်း (၂၁)မှု၊ တရားခံ (၃၉)ဦးတို့ အားဖော်ထုတ်အရေးယူနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ကျားမ(၂၈)ဦးတို့အား ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ပြည်နယ်အတွင်း ဝိုင်းမော်၊ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်းမြို့နယ်တို့တွင် လူကုန်ကူးမှုများဖြစ်ပွားခဲ့ ပြီး အိမ်နီးချင်းတရုတ်နိုင်ငံသို့ နည်းလမ်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် စည်းရုံးခေါ်ဆောင်သိမ်းသွင်းခံရပြီး လူကုန် ကူးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
Visitors: 22,168