မြစ်ကြီးနားမြို့၌ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအတွက် အသိပညာပေး ဟောပြော

မြစ်ကြီးနား ဩဂုတ် ၉
ကချင်ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီမှ ကြီးမှူးကျင်းပသော ကလေး သူငယ်ကာကွယ်စောင့်ရှောက်ရေးအတွက် ဥပဒေပါအချက်အလက်များ၊ ဝန်ကြီးဌာနများအလိုက်ဆောင် ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီး ဦးနေဝင်းက အသိပညာပေးဟောပြောပွဲဟာဆိုရင် ကလေးများအတွက် မလိုလားအပ်သောအကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်မှု၊ လစ်လျူရှုမှုတွေကနေကာကွယ်စောင့်ရှောက်နိုင်စေဖို့ အတွက် နိုင်ငံတော်ကဆောင်ရွက်ပေးနေမှုတွေကို ပြည်သူလူထုကို တင်ပြသွားမည်ဖြစ်သည့်အတွက် ပြည်နယ်အတွက်ကောင်းမွန်သည့် အခွင့်အရေးဖြစ်ပါတယ်၊ ထိခိုက်လွယ်တဲ့အုပ်စုများမှာ ပါဝင်သည့် ကလေးသူငယ်များကို ကောင်းမွန်စွာကာကွယ်စောင့်ရှောက်နိုင်ဖို့ ဆောင်ရန်၊ ရှောင်ရန်နှင့် သင်ကြား ထားရန်တို့ကို သိရှိပြီး မိမိတို့ရပ်ရွာနှင့် ပတ်ဝန်းကျင်မှာရှိသည့် ကလေးများကို ကာကွယ်စောင့်ရှောက် သွားကြရေးကိုလည်း တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ယင်းနောက် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအသိပညာပေးခြင်းနှင့် ပတ်သက်၍ လူမှု ဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်မြမာလာစိုးက ဝန်ကြီးဌာန၏ ကလေးသူငယ်ကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများနှင့် စီမံချက်များချမှတ်ဆောင်ရွက်နေမှုများ၊ မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မိုးက ပြည်သူ့ရဲတပ်ဖွဲ့အနေဖြင့် ကလေးသူငယ်များအပေါ် ကာကွယ်စောင့်ရှောက်မှုနှင့်ပတ် သက်၍ လုပ်ထုံးလုပ်နည်းများ၊ ဝိုင်းမော်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိန်းမြို့က ကျန်းမာရေးဌာနမှ ဆောင်ရွက်နေမှုများနှင့် ဒုတိယပြည်နယ်ဥပဒေအရာရှိဦးတူးခေါင်က ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်သည့် ဥပဒေလုပ်ထုံးလုပ်နည်းများကို အသိပညာပေးဟောပြာ ခဲ့ကြသည်။
ဟောပြောပွဲသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအဖွဲ့ဝင် များ၊ INGO ၊ NGO အဖွဲ့အစည်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များ၊ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူများနှင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ IDPs စခန်းနေပြည်သူများ တက်ရောက်ခဲ့ကြသည်။
Visitors: 20,042