ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်ကချင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်ဂုဏ်ပြုအားပေး

မြစ်ကြီးနား ဩဂုတ် ၃၁
၂၀၁၈ - ၂၀၁၉ ပညာသင်နှစ် မြစ်ကြီးနားတက္ကသိုလ် ကချင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းမှ ကြီးမှူးကျင်းပသော မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဂုဏ်ပြုဆုနှင်းပွဲကို ယနေ့ နံနက် ၉ နာရီ တွင် မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အား ပေးသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ယနေ့ လူငယ်မောင်မယ်များကို ပြောကြားလိုတာကတော့ အဓိကစာရိတ္တကောင်းဖို့လိုပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကို ရှောင်ကြဉ်ရန် လိုကြောင်း၊ စာကိုကျိုးစားသင်ယူပြီး ထူးချွန်တဲ့လူငယ်များဖြစ်စေရန် လိုအပ်ကြောင်း၊ယနေ့ ကျောင်းပြီး ၍ ပြင်ပလောကသို့ လျှောက်လှမ်းကြမယ့် လူငယ်လူရွယ်များအနေဖြင့်လည်း ထူးချွန်သည့် အနာဂတ် ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် ကြိုးပမ်းအားထုတ်ကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းနှင့် လွှတ်တော်ကိုယ်စား လှယ်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးHလအောင်တို့က ဆုံးမဩဝါဒစကားများပြောကြားကြပြီး တက္ကသိုလ် ကချင်တိုင်းရင်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ပါမောက္ခ/ဌာနမှူး ပထဝီဝင်ဌာနမှ ဒေါက်တာဂျာခမ် က ကျောင်းသား/သူများအား ကြိုဆိုနှုတ်ခွန်းဆက်ဂုဏ်ပြုစကားပြောကြားသည်။
ဆက်လက်၍အသင်း၏အတွင်းရေးမှူးစိတ်ပညာစတုတ္ထနှစ်မှမောင်ဟောင်းဂျုံးက နှုတ်ဆက် စကားပြောကြားပြီး ပထမနှစ်ကျောင်းသား/သူများကိုယ်စား မောင်မကျန်ဇော်ဂျတ်အောင်က ကျေးဇူး တင်စကားပြောကြားခြင်းနှင့် နောက်ဆုံးနှစ်ကျောင်းသား/သူများကိုယ်စား မောင်ဇော်ဆိုင်းလီက နှုတ် ဆက်စကားပြောကြားကြသည်။
ထို့နောက် ပထမနှစ်မှ မဟာတန်းအထိ ဘာသာရပ်အလိုက်စာပေတွင် ပထမဆုရသူများနှင့် အား ကစားထူးချွန်သူများအား ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၏ဇနီး၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်ကြီး၊ ဒုတိယပါမောက္ခချုပ်များနှင့် အငြိမ်း စားပါမောက္ခဆရာမကြီးများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ကတက္ကသိုလ်ကချင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း အတွက် အလှူငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ပြီး ဆရာ/ဆရာမများနှင့်ကျောင်းသား/သူများ၏ သံစုံတေးသီချင်းများ၊ ရိုးရာအကအလှများဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
Visitors: 20,042