အသက်(၁၈)နှစ်အောက်(လူသစ်တန်း)အမျိုးသား/အမျိုးသမီးပြေးခုန်ပစ် အားကစားပြိုင်ပွဲများကျင်းပ

မြစ်ကြီးနား သြဂုတ်(၂၉)
၂၀၁၉ ခုနှစ်၊ ကချင်ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အသက်(၁၈)နှစ်အောက်(လူသစ်တန်း) အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်အားကစားပြိုင်ပွဲ များကို ပြည်နယ်ပြည်သူ့အားကစားကွင်း၌ကျင်းပသွားမည်ဖြစ်ရာ ယနေ့ နံနက်ပိုင်းတွင် ဖွင့်ပွဲအခမ်းအနားကျင်းပသည်။
ပြေးခုန်ပစ်အားကစားပြိုင်ပွဲများ ဖွင့်ပွဲတွင် ကချင်ပြည်နယ်၀န်ကြီးချုပ် ဒေါက်တာ ခက်အောင် က ယခုလို အားကစားပြိုင်ပွဲများကျင်းပပေးခြင်းဖြင့် လူအများ အားကစားကို စိတ်ပါ၀င်စားလာပြီး အားကစားလှုပ်ရှားမှုများကို လေ့လာလိုက်စားကာ ကျန်းမာကြံ့ခိုင် သောသူများဖြစ်လာကြမှာဖြစ်သလို အချင်းချင်း စည်းလုံးညီညွတ်မှုရှိလာမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရှိန်၀င်းက အားကစားနည်းများ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အာကစားပြိုင်ပွဲများကို ပြည်နယ်၀န်ကြီးချုပ်၊ ပြည်နယ်အားကစားနှင့်ကာယညာကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်လူမှုရေး၀န်ကြီး ဦးနေ၀င်း၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်နယ်ပြေးခုန်ပစ်ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးတူးရိန် နှင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဦးမြင့်ခိုင်တို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြကာ အားကစားသမားလူငယ်မောင်မယ်များအား လိုက်လံနှုတ်ဆက်ကြ သည်။
ယင်းနောက် ကျား/မမီတာ ၁၅၀၀ အပြေးပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ပြည်နယ်၀န်ကြီးချုပ်နှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌတို့က ဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ကြသည်။
အဆိုပါအားကစားပြိုင်ပွဲများကို ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၆)မြို့နယ်မှ ကျောင်းသား/သူများက ယနေ့မှစ၍ မီတာ ၁၀၀ မှ ၁၀၀၀၀ အထိ အပြေးပြိုင်ပွဲများ၊ လက် ဆင့်ကမ်း၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ အလျားခုန်၊သုံးဆင့်ခုန် စသည့်ပြိုင်ပွဲအမျိုးအစား အလိုက် ၃၁-၈-၂၀၁၉ ရက်နေ့အထိ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲများမှ ထူးချွန်ကစား သမားများရွေးချယ်ပြီး တစ်နှစ်ပတ်လုံးစခန်းသွင်း လေ့ကျင့်ပေးသွားမည် ဖြစ်ကြောင်းနှင့် အောက်တိုဘာလတွင် ကျင်းပမည့် တိုင်းဒေသကြီး/ပြည်နယ်ပြိုင်ပွဲများတွင် ပါ၀င်ယှဉ်ပြိုင် စေမည်ဖြစ်ကြောင်း သိရှိရသည်။
Visitors: 20,042