မိုးညှင်းမြို့တွင်သစ္စာစီမံချက်ဖြင့်ဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

မိုးညှင်း - ဩဂုတ် ၂၈
မိုးညှင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ကိုယ်ပိုင်အထက်တန်းကျောင်းများတွင်သစ္စာစီမံချက်ဖြင့်ဆောင်ရွက်ပြီးစီး ခဲ့သည့်နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကိုယနေ့မွန်းလွဲ၁နာရီတွင် လူရည် ချွန်ကိုယ်ပိုင်အထက်တန်းကျောင်း၌ကျင်းပရာ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး ဦး‌ဇော်ဝင်းတက်ရောက်ချီးမြှင့်ပေးအပ်ခဲ့သည်။

အခမ်းအနားတွင်ပြည်နယ်ဝန်ကြီးက အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာ အနေဖြင့် စီမံချက်များချမှတ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက် ပေးလျက်ရှိ
ကြောင်း ယခုလိုဆောင်ရွက်ပေးချိန်တွင် ကျောင်းသူ/သားများအနေဖြင့် အလေးထားဆောင် ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားပြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မိုးညှင်းခရိုင်ဦးစီးမှူး၊ဒုတိယညွှန်ကြားရေးမှူးဦးကျော်ဌေးက သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာတွင် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းပေါင်း (၅၆)ကျောင်းမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရန်ကျောင်းသား/သူ  ၃၂၀၀ကျော် စာရင်းကောက်ခံရရှိခဲ့ပြီးဇူလိုင်လအထိ ၁၆၉၀ကျော် ဆောင်ရွက်ပေးပြီးဖြစ်ကြောင်းနှင့် လာမည့်လများတွင်လည်းလုပ်ငန်းစီမံချက်များချမှတ်၍ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။

ယင်းနောက်သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် လူရည်ချွန်ကိုပိုင်အထက်တန်းကျောင်းမှနိုင်ငံသားစိစစ်ရေးကတ်ပြား ၂၁ကတ်၊ ထူးမြတ်ပညာကိုယ်ပိုင်အထက်တန်း ကျောင်းမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ၇၁ကတ်နှင့်စိုးဘရားသားစ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၉ကတ်ကို ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများကပေးအပ်ရာ သက်ဆိုင်ရာကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့ကြပြီးလူရည်ချွန်ကိုယ်ပိုင်အ ထက်တန်းကျောင်း တည်ထောင်သူဆရာဦးသိန်းဝင်း ကကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။

Visitors: 21,133