မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်း(ကချင်ပြည်နယ်)၏ အခွန်ဆိုင်ရာအသိပညာပေးခြင်းနှင့် ပိုမိုအောင်မြင်သော လက်လီလုပ်ငန်းတစ်ခုတည်ဆောက်ခြင်းဟောပြောပွဲကျင်းပ

မြစ်ကြီးနား ဩဂုတ် ၂၆
မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်း(ကချင်ပြည်နယ်)မှ ကြီးမှူးကျင်းပသည့် အခွန်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ပိုမိုအောင်မြင်သော လက်လီလုပ်ငန်းတစ်ခု တည်ဆောက်ခြင်းဟောပြောပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ တွင် နိုင်ငံသားတိုင်းသည် ဥပဒေအရပေးဆောင်ရ မည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည် ဟုပြဌာန်းပါရှိပြီးဖြစ်ကြောင်း၊ လုပ်ငန်းရှင် များအနေဖြင့်မိမိတို့၏ အကျိုးစီးပွားအတွက်ဆောင်ရွက်ကြရင်းဖြင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေကြတဲ့သူများဖြစ်သည့်အတွက် အခွန်ဆိုင်ရာပြဌာန်း ထားသည့်ဥပဒေများနှင့်အညီ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဖြင့် အခွန်တာဝန်ကို ကျေပွန်စွာထမ်းဆောင် ပေးကြရေး တိုက်တွန်းမှာကြားသည်။
ယင်းနောက် မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌဦးအောင်ကိုကိုညီက အသင်းဖွဲ့စည်းပုံနှင့် ဆောင်ရွက်ချက်များ ကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ဝင်းက မိုဘိုင်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများရောင်းချခြင်းနှင့် ဝန်ဆောင်မှုဆောင်ရွက်ပေး ခြင်းတို့အတွက် ဟန်းဆက်နှင့်ငွေရပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ် ရောင်းချစေခြင်း နှင့် အခွန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားပြီး အသင်းသားများကိုယ်စား ကချင် ပြည်နယ်မိုဘိုင်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝှမ်းမုန်က ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများရောင်းချ သည့် လုပ်ငန်းရှင်များအား Samsung Myanmar ၊ မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်း ရှင်များအသင်း၊ AYA BANK ၊ FNI ၊ မှတာဝန်ရှိသူများနှင့် ပညာရှင်များက တံဆိပ်ခေါင်းကပ်နှိပ်ရောင်းချခြင်းအကြောင်း၊ ဘဏ် ဝန်ဆောင်မှုများအကြောင်း၊ အာမခံလုပ်ငန်း မိုဘိုင်းလုပ်ငန်းရှင်များ သိသင့်သောအခွန်ဆိုင်ရာဗဟုသု တများကို မေးမြန်းဖြေကြားခြင်းတို့အပါအဝင် Sales Man Skill & Attitude ၊ Customer Service နှင့် အောင်မြင်မှု၏ ညီမျှခြင်းအကြောင်းတို့ကို ဟောပြောခဲ့ကြသည်။
Visitors: 21,133