ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေးပြီး ရပ်ကွက်/ကျေးရွာနေပြည်သူလူထုများတွေ့ဆုံ

မြစ်ကြီးနား ဩဂုတ် ၂၄
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့တွင်း ပြည်နယ်အစိုးရအဖွဲ့၏ အထွေထွေပိုလျှံငွေ(GRF)ဖြင့် ရပ်ကွက် ချင်းဆက်လမ်းများခင်းကျင်းပြီးစီးမှု၊ ဆောင်ရွက်နေမှုအခြေအနေများနှင့် ရပ်ကွက်/ ကျေးရွာလူထုများ နှင့်တွေ့ဆုံပွဲများကို ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒူကထောင်ရပ်ကွက်အတွင်း မုန်ခေါင်လမ်း ၁၁၅၀ ပေအား အဆင့်မြှင့်တင်ခင်းကျင်းပေးနိုင်ရေး ဌာနဆိုင်ရာများ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စံပြလမ်းပေါ်တွင် သံကူ ကွန်ကရစ်တံတားတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးကာ ရှင်းလင်းဆောင်၌ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ တာဝန်ရှိသူများက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ အထွေထွေပိုလျှံငွေ ဖြင့်ဆောင်ရွက်လျက်ရှိသည့် ရပ်ကွက်ချင်းဆက်လမ်းနှင့် တံတားလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်ချိန်အတွင်းပြီးစီးအောင် ဆောင်ရွက် ရေးတာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် မြို့သစ်ကြီးရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်၌ ရပ်ကွက်နေပြည်သူများနှင့်တွေ့ ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ အဆင်ပြေစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ရပ်ကွက်နေပြည်သူများ၏ တင်ပြတောင်းဆိုသည့် မဟာဂန္ဓာရုံကျောင်းရှေ့လမ်း ၁၂၈၀ ပေ ခင်းကျင်း ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြကာ ရပ်ကွက်အတွင်းရှိ ခရစ်ယာန်အသင်းတော်များနှင့် ဘုန်းတော်ကြီး ကျောင်းတို့အတွက် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုမှတစ်ဆင့် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် အေးမြသာယာရပ်ကွက်လမ်း သွယ် ၁၇ ကို သဲကျောက်အမာခံခင်း၍ ကတ္တရာလမ်းသစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ရှမ်းရွာ အ.လ.ကကျောင်းလမ်း၊ ပညာဒီပကဘုန်းကြီးကျောင်းလမ်း၊ အေးမြသာယာလမ်းသွယ် ၁၉ လမ်းတို့အား ကတ္တရာလမ်းသစ်ခင်းကျင်းနေမှု၊ ပမ္မတီးရပ်ကွက်အတွင်း ခရေလမ်း ၃၃၀၀ ပေအား ကတ္တရာခင်းကျင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မော်ဖောင်းကျေးရွာအတွင်း ကျေးရွာပြည်သူ့ခန်းမ၌ ကျေးရွာအတွင်းရှိ ပြည်သူလူထု နှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ ကျေးရွာအတွင်းရှိပြည်သူများက လမ်း၊တံတား၊စိုက်ပျိုးရေရရှိရေး၊ သင်္ချိုင်းမြေနေရာကိစ္စနှင့် လူငယ်များအလုပ်အကိုင်အခွင့်အရေးရရှိရေး တို့ကို တင်ပြမှုကြရာ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၏ ဖြေရှင်းတင်ပြမှုများအပေါ် ပြည်နယ် ဝန်ကြီးချုပ်က ဖြည့်ဆည်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည့် ပမ္မတီးရပ်ကွက် ဇက်ဆိပ်သွားလမ်း ၁၇၁၈ ပေ အား ကတ္တရာလမ်းခင်းပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Visitors: 21,133