ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး မိုးကောင်းမြို့နယ် ပြည်သူများနှင့်တွေ့ဆုံ

မိုးကောင်း သြဂုတ် ၂၄
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး
ဦးလဆိုင်းသည် ပြည်နယ် သစ်တောဦးစီးဌာညွှန်ကြားရေးမှူး ဦးခင်မောင်ဦး၊
ပြည်နယ်သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောယု၊ ပြည်နယ်သယံဇာတနှင့်
ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုး၊ အမှတ်(၂)သတ္တုတွင်းဝန်ကြီးဌာန လက်ထောက်အထွေထွေမန်နေဂျာ ဦးခင်မောင်မြင့်တို့နှင့်အတူ မိုးကောင်းမြို့နယ်ပြည်သူများနှင့် ယနေ့နံနက် ၁၀ နာရီတွင် မြို့တော်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ဝန်ကြီးက အမှာစကားပြောကြား၍ ဝန်ကြီးဌာနလက်အောက်ရှိ ပြည်နယ်ညွှန်ကြားရေးမှူးများက သက်ဆိုင်ရာကဏ္ဍအသီသီးအလိုက် ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများ၏ သိရှိလိုသည့် တင်ပြချက်များအပေါ် ပြန်လည်ဖြေကြားကြကြောင်း သိရသည်။
တွေ့ဆုံပွဲကို ဒေသခံများ၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်သည်။
Visitors: 20,042