မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အတွင်း အားလုံးပါဝင်သော ငွေကြေးကဏ္ဍခရီးစဉ် စကားဝိုင်းဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်

မြစ်ကြီးနား ဩဂုတ် ၂၂
မြစ်ကြီးနားမြို့၌ UK Aid ရန်ပုံငွေပံ့ပိုးထားသည့် ကုလသမဂ္ဂ အရင်းအနှီးဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့ (UNCDF)မှ ဦးဆောင်၍ ပြည်နယ်သမဝါယမဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသည့် ကချင်ပြည်နယ် အတွင်း အားလုံးပါဝင်သော ငွေကြေးကဏ္ဍခရီးစဉ် စကားဝိုင်းဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ပိုင်းတွင် မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ယခု စီမံကိန်း၏ အဓိက ရည်မှန်းချက်ဖြစ်သည့် အလုပ်အကိုင်ဖန်တီးရေးနှင့် ပုဂ္ဂလိကဦးဆောင်သည့် ဖွံ့ဖြိုးရေးပန်းတိုင်၊ (၂၁) ရာစုလူမှုအသိုက်အဝန်းအတွက် လူသားအရင်းအမြစ်များနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးစသည့်ပန်းတိုင် များကို အကောင်အထည်ဖော်ဆောင်ရန် ဖြစ်သည့်အတွက် ကချင်ပြည်နယ်တစ်ဝှမ်းရှိ အများပြည်သူ တွေသိရှိနားလည်အသုံးချတတ်စေရန် သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေသွား ကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် UK Aid မှ Private Sector Policy Officer ၊ UNCDF Country Coordinator နှင့် Women’s Economic and Inclusion Project (WEFIP)ခေါင်းဆောင်တို့မှ ပံ့ပိုးကူညီမှုအပိုင်းများနှင့် ပတ်သက်၍ အသီးသီးမိတ်ဆက်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သမဝါယမနှင့် ငွေကြေးဝန်ဆောင် မှုအကြောင်း၊ UNCDF မှ National Officer ဦးဝီလီယံနိုင်က ကချင်ပြည်နယ်အတွင်း အားလုံးပါဝင် ဆောင်ရွက်နေသော ဘဏ္ဍရေးဆိုင်ရာအချက်အလက်များနှင့် အခြေအနေအသေးစိပ်သုံးသပ်ချက်များကို ဆွေးနွေးကြပြီး ငွေရေးကြေးရေးအခန်းကဏ္ဍဝန်ဆောင်မှုပေးနေသည့် အသင်းအဖွဲ့များမှ တာဝန်ရှိသူ များ၊ မြန်မာ့စီးပွားရေးဘဏ် ဒုတိယအထွေထွေ မန်နေဂျာနှင့် အမျိုးသမီးဦးဆောင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်သည့် ငွေကြေးကဏ္ဍခရီးစဉ်ဆိုင်ရာ အသိပညာစကားဝိုင်းဆွေးနွေးမှုကို ပြုလုပ် ခဲ့ကြသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ဆက်စပ်ဌာနဆိုင်ရာများ INGO ၊ NGO အဖွဲ့အစည်းများ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သည့် အဖွဲ့အစည်းများ၊ သမဝါ ယမအသင်းသူများက ဒီဂျစ်တယ်နည်းပညာဝန်ဆောင်မှုကို ပြသပေးခြင်း၊ ငွေကြေးလည်ပတ်မှုဆိုင်ရာ များကို စုပေါင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
Visitors: 21,133