မြစ်ကြီးနားခရိုင်အတွင်းရှိ တောင်သူများထံ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ- ၇ များ ထုတ်ပေး

မြစ်ကြီးနား ဩဂုတ် ၂၁
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်းရှိ တောင်သူများထံ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက် မှတ်ပုံစံ-၇ များကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင်စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးနှင့် ပြည်နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များက ပေးအပ်ခဲ့ကြသည်။
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ-၇ များပေးအပ်ရခြင်းနှင့်ပတ်သက်၍ ပြည်နယ်စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက “ယနေ့ တောင်သူဦးကြီးများအတွက် အင်မ တန်အရေးကြီးသည့် ပုံစံ ၇ များကို စီမံချက်ရေးဆွဲပြီး ဆောင်ရွက်ပေးရခြင်းဖြစ်ပါတယ်၊ စီမံချက်အရ တောင်သူ ဦးရေပေါင်း ၁၁၀၀၀ ကျော်ကို ပေးနိုင်ရေးအတွက် စီမံချက်မှာ ရေးဆွဲထားပါတယ်၊ စိုက်ဧက ပေါင်းအနေနဲ့ ၄၇၀၀၀ ကျော်အတွက် ထုတ်ပေးသွားမှာဖြစ်ပါတယ်၊ ဒီနေ့မှာတော့ မြစ်ကြီးနားခရိုင် အတွက် တောင်သူများအတွက် ပုံစံ ၇ များကို ထုတ်ပေးသွားမှာဖြစ်ပါတယ်” ဟုပြောကြားသည်။
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ - ၇ များကို မြစ်ကြီးနားမြို့နယ်အတွင်း ဆင်ဘိုဒေသ အပါအဝင် ကျေးရွာအုပ်စုပေါင်း (၇)စုမှ တောင်သူ (၃၅၁) ဦး၊ ဝိုင်းမော်မြို့နယ်အတွင်း ကျေးရွာအုပ်စု (၅)စုမှ တောင်သူပေါင်း (၁၉၉) ဦး၊ တနိုင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း (၈) စုမှ တောင်သူ ပေါင်း(၄၇) ဦးတို့အတွက်ကို ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များကို ထုတ် ပေးခဲ့ကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း တောင်သူများ၏ လိုအပ်ချက်ဖြည့်ဆည်း ပေးနိုင်ရေး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ - ၇ ပေးအပ်နိုင်ရေး မေလမှ အောက်တိုဘာလ အထိ စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့ပြီး ပုံစံ ၇ ထုတ်ပေးနိုင်မှုမှာ တစ်ပြည်နယ်လုံးအတိုင်းအတာ အနေဖြင့် ၆၂ ရာခိုင်နှုန်းကျော်ပေးအပ်နိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် မြစ်ကြီးနားခရိုင်အတွင်း တောင်သူပေါင်း ၁၀၇၉ ဦး၊ ဦးပိုင်ပေါင်း ၁၂၃၉ ၊ ဧရိယာပေါင်း ၉၉၀၈ ဧကကို ထုတ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
Visitors: 21,127