ပြည်နယ်ဝန်ကြီးချုပ် ဆင်ဘိုဒေသရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဆင်ဘို ဩဂုတ် ၁၈
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဆင်ဘိုဒေသအတွင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံနိုင်ရေးနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်သည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက ဆင်ဘိုမြို့သို့ အမြန်ရေယာဉ်ဖြင့် သွားရောက်ခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက် ၁၀ နာရီတွင် ဆင်ဘိုမြို့သို့ရောက်ရှိပြီး အောင်မင်္ဂလာ ရပ်ကွက် ဒက္ခိဓဏာရာမကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော်ထံ အလှူငွေကျပ် ၁၀ သိန်း၊ လှူဖွယ် ပစ္စည်းများနှင့် ဆန် ၅ အိတ်တို့ကို လှူဒါန်းပေးအပ်ခဲ့ကြသည်။
ယင်းနောက် အဆိုပါကျောင်းဝင်းအတွင်း ဓမ္မရုံ၌ မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ရပ်မိရပ်ဖများ၊ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုး ရအဖွဲ့အနေဖြင့် ပြည်နယ်၏လိုအပ်ချက်၊ ပြည်သူများကို အကျိုးပြုမည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ကိုတတ်နိုင်သလောက်ကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ ဒီလိုဆောင်ရွက်တဲ့နေရာမှာလည်း ပြည်ထောင် စုဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ပြည်နယ်/ ခရိုင်/ မြို့နယ်/ မြို့အဆင့်အလိုက် ဦးစားပေးစနစ်နဲ့ စီမံချက်များရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့ ဆင်ဘိုဒေသကို လာရောက်ရခြင်း သည်လည်း ဒေသခံပြည်သူတွေ ဘာတွေလိုအပ်သလဲ၊ ဘာတွေဖြည့်ဆည်းပေးရလဲ၊ ချက်ချင်းဆောင် ရွက်ပေးနိုင်သည်ကို ချက်ချင်းဆောင်ရွက်ပေးနိုင်ရေးနှင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိတဲ့ လုပ်ငန်းတွေကို ဘတ်ဂျတ်နှစ်အလိုက် စီမံကိန်းရေးဆွဲ၍ ဖြည့်ဆည်းဆောင်ရွက်ပေးဖို့လာရောက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြို့အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းကျော်က ဒေသဆိုင်ရာအချက်အလက်များကိုတင်ပြ ပြီး ဒေသခံရပ်မိရပ်ဖများ၊ တောင်သူများက ဆင်ဘိုဒေသဖွံ့ဖြိုးရေးအတွက် ကမ်းထိန်းနံရံတည်ဆောက် ပေးရေး၊ လယ်ယာမြေများဖော်ထုတ်ပေးနိုင်ရေး၊ မြို့နယ်အဆင့် သတ်မှတ်ပေးရေး၊ မူးယစ်ဆေးသုံးစွဲမှု ကိစ္စရပ်များ၊ ကုန်ထုတ်လမ်းမျာဖောက်လုပ်ပေးရေး၊ ဒေသအတွက်အဓိကလိုအပ်သည့် ခရိုင်ချင်းဆက် လမ်းများဖောက်လုပ်ပေးရေးစသည့်တို့ကို တင်ပြဆွေးနွေးကြရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဖြေကြားမှုများကို ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြို့တော်ခန်းမဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုစစ် ဆေးပြီး ခန်းမသစ်ဆောက်လုပ်ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပေးခဲ့ပြီး ကချင်နှစ်ခြင်းခရစ်ယာန်ဘုရား ကျောင်း၌ နှစ်ခြင်းအသင်းတော်သိက္ခာတော်ရဆရာတော်များ၊ ကက်သလစ်အသင်းတော်ဘုန်းတော်ကြီး များ အသင်းသား/သူများနှင့်တွေ့ဆုံကာ အသင်းတော်နှစ်ခုအတွက် ဆန်အိတ် ၅ အိတ်စီနှင့် ငွေကျပ် ၁၀ သိန်းစီကို ထောက်ပံ့လှူဒါန်းခဲ့ကြသည်။
ထိုမှတစ်ဆင့် ဆင်ဘိုမြို့ ၁၆ ကုတင်ဆံ့ပြည်သူ့ဆေးရုံ၌ လွှတ်တော်ကိုယ်စားလှယ်များ၏ အခမဲ့ ဆေးဝါးကုသရေးအစီအစဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆေးရုံအ တွင်းလူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြ ပြီး ဆေးရုံအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဧရာဦးရပ်ကွက်ရှိ ဇေယျသုခ ကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ၊ ဆန် ၅ အိတ်နှင့် အလှူငွေကျပ် ၁၀ သိန်းကိုပေးအပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် အခြေခံပညာအထက်တန်းကျောင်း၊ ဆင်ဘို၌ RC နှစ်ထပ် စာသင်ဆောင်သစ် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းခန်းမ၌ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများနှင့် တွေ့ဆုံအမှာစကားပြောကြားကာ ကျောင်းအတွက် ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး KG တန်းကျောင်းသားကလေးငယ်များအား ကျောပိုးအိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
Visitors: 20,042