မိုးသည်းထန်မှုကြောင့် မြေပြိုလမ်းပိတ် ခဲ့သော မိုးမောက်-လွယ်ဂျယ်လမ်း မော် တော်ယာဉ်များ ပြန်လည်သွားလာနိုင်ပြီဖြစ်

လွယ်ဂျယ် သြဂုတ် ၁၆
ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းအတွင်း ယမန် နေ့က မြေပြိုမှုများဖြစ်ပွားခဲ့ပြီး ယနေ့ မွန်းလွဲ ၃ နာရီတွင် လမ်းရှင်းလင်းရးလုပ်ငန်းများဆောင်ရွက်ပြီးဖြစ်သဖြင့် မော်တော်ယာဉ်သွား ပုံမှန်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း လွယ်ဂျယ်မြို့အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။
အဆိုပါ မြေပျိုမှုဖြစ်စဉ်ကြောင့် မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းအတွင်း မော်တော်ယာဉ်များဖြတ်သန်းသွားလာနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် မြေပြို ဖြစ်ပွားရာနေရာများဖြစ်သည့် လွယ်ဂျယ်ဖက်ခြမ်းရှိ ၆၄-၆၅ကီလိုမီတာ ကြား မြေပျိုမှု ၂ နေရာ ၊ ၆၃-၆၄ ကီလိုမီတာကြားတွင် ၃ နေရာနှင့် ၆၂-၆၃ ကီလိုမီတာကြားတွင် ၁နေရာ စုစုပေါင်း ၆ နေရာတို့၌ မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးနေဝင်း၊ လွယ်ဂျယ်မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက လူအား၊ စက်ယန္တားအားဖြင့် ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ခဲ့သည်။
အလားတူ မိုးမောက်ဘက်ခြမ်းရှင်း မြေ ပြိုမှုများ ဖစ်ပွားသည့် ၄၉ -၅၀ ကီလိုမီတာကြားနှင့် ၄၂-၄၃ ကီလိုမီတာကြားတို့တွင်လည်း လမ်းဦးဌာနမှ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးပြီ ဖြစ်သဖြင့် ယနေ့တွင် မော်တော်ယာဉ်များ ပုံမှန်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
Visitors: 21,127