မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးမောက်-လွယ်ဂျယ်ကားလမ်းမကြီး မြေပြိုကျမှုဖြစ်ပွားခဲ့သဖြင့် ယာဉ်သွားလာမှုခေတ္တရပ်ဆိုင်းထားရ

ဗန်းမော် သြဂုတ် ၁၅
မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက် - လွယ်ဂျယ် ကားလမ်းပိုင်းဖြစ်သော မိုင်တိုင်အမှတ်(၄၁)နှင့် အချို့နေရာများ၌ သြဂုတ် ၁၅ ရက် နံနက်ပိုင်း၌ ကားလမ်းမပေါ်သို့ မြေများပြိုကျပြီး လမ်းများပိတ်ဆို့မှုဖြစ်ပွားခဲ့ ကာ မော်တော်ယာဉ်ကြီးနှင့် ယာဉ်ငယ်များ ဖြတ်သန်းသွားလာမှု ခေတ္တရပ်နားထားရကြောင်း သိရသည်။
အဆိုပါ လမ်းများပိတ်ဆို့နေမှုကြောင့် မော်တော်ယာဉ်များ အမြန်ဆုံးသွားလာနိုင်ရေး အတွက် မိုးမောက်မြို့နယ်လမ်းဦးစီးဌာနနှင့် လွယ်ဂျယ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများတို့က ရှင်းလင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Visitors: 21,127