၂၀၁၉ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနေ့ ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လူထုလှုပ်ရှားမှု ပြည်နယ်အဆင့်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မြစ်ကြီးနား ဩဂုတ် ၁၅
၂၀၁၉ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လူထုလှုပ်ရှားမှု ပြည်နယ်အဆင့်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အရွယ်ရောက်ပြီး ကျောင်းသူ များအား အာဟာရဆေးဝါးများတိုက်ကျွေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြသည်။
ဖွင့်ပွဲအခမ်းနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းက ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနက ကောက်ယူခဲ့သည့် မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှုအခြေအနေ လေ့လာရေးစစ်တမ်းအရ ကချင်ပြည်နယ်အတွင်းရှိ အသက်ငါးနှစ်အောက်ကလေးများ၏ ၃၃.၀ ရာခိုင် နှုန်းသည် သွေးအားနည်းရောဂါခံစားနေရပြီး ၂၄.၄ ရာခိုင်နှုန်းသည်လည်း ကာလတာရှည် အာဟာရ ချို့တဲ့မှုကြောင့် ပုညှက်နေသည်ကို သိရှိရကြောင်း၊ ဒါကြောင့် ပြည်နယ်အတွင်းရှိ ကလေးများ၏ အာဟာရအခြေအနေ တိုးတက်လာရေး ဝိုင်းဝန်းအားထုတ်ဖို့လိုကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းက ကချင်ပြည်နယ်အတွင်း အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လူထုလှုပ်ရှားမှုဖြင့် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ၅ နှစ်အောက် ကလေးငယ်များအား ဘီတာဗင် A ဆေးဝါးများ၊ အရွယ်ရောက်သည့် ကျောင်းသူလေးများအား သံဓာတ် ဆေးပြားနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးဝါးများကို တိုက်ကျွေးပေးကြကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး အခမ်းအနားတွင် ပြသထားသော ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
Visitors: 20,042