ကာမိုင်းမြို့တွင်လက်လုပ်လက်စားလုပ်ကွက်များချထားပေးရေးကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေး

ကာမိုင်း သြဂုတ် ၁၀
ကာမိုင်းမြို့တွင် လက်လုပ်လက်စားလုပ်ကွက်များချထားပေးရေးကိစ္စများနှင့် ပတ်သက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးဒါရှီလဆိုင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀) နာရီတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီး ဦးဒါရှီလဆိုင်းက ကာမိုင်းဒေသအတွင်း လက်လုပ်လက် စား ကျောက်စိမ်းလုပ်ကွက်များ ချထားပေးနိုင်ရေးအတွက် ကနဦးသတင်းချပြရန် လာရောက်ခဲ့ ခြင်းဖြစ်ကြောင်း၊ တရားမဝင်လုပ်ကွက်များရပ်နားပြီး တရားဝင်လုပ်ကွက်များ လျှောက်ထားရယူ ဖို့လိုအပ်မည်ဖြစ်ကြောင်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ကွက်များလျှောက်ထားလာပါက ဦးစား ပေးချထားပေးမည်ဖြစ်ကြောင်းနှင့် ဒေသခံပြည်သူများဘက်မှလည်း အကြံပြုတင်ပြပေးစေလိုပါ ကြောင်း ဆွေးနွေးပြောကြားပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာ ဌာနများအလိုက် ဆောင်ရွက်သည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက လက်လုပ်လက်စားလုပ်ကွက် လျှောက်ထားရာတွင် လိုအပ်သည့်အချက်များ၊ ဒေသအတွက်သုံးစွဲသည့် သစ်များ၊ ထင်းများနှင့် ပတ်သက်သည့် ဥပဒေအကြောင်းအရာများနှင့် သိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်အဆင့်တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး လိုအပ်သည်များကို ပြည်နယ်ဝန်ကြီး က ဖြည့်စွက်ဆွေးနွေးရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေစာအုပ် အစုံ(၂၀)ကိုပေးအပ်ရာ ကာမိုင်းမြို့အုပ်ချုပ်ရေးမှူးမှလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာဘာသာရပ်နှင့် ဆရာများလက်စွဲစာအုပ် အစုံ(၂၀)ကို ပေးအပ်ရာ ကာမိုင်းမြို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လည်းကောင်း လက်ခံရယူခဲ့ကြောင်းသိရှိရသည်။
Visitors: 22,168