ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည့် အမှိုက်သိမ်းယာဉ်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသို့ လွှဲပြောင်းပေးအပ်

မြစ်ကြီးနား ဩဂုတ် ၉
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်များစည်ပင်သာယာလှပရေး၊ အမှိုက်သိမ်းယာဉ်လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်နယ်ရန်ပုံငွေဖြင့် အမှိုက်သိမ်းယာဉ် များဝယ်ယူ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အမှိုက်သိမ်းယာဉ်များကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေ ၂၃၉၉.၇ သိန်းဖြင့် SOJEN Dump Truck အမျိုးအစား (၆) စီးနှင့် SKAT Dump Truck အမျိုးအစား (၅)စီး စုစုပေါင်း အမှိုက်သိမ်းယာဉ် (၁၁)စီး ဝယ်ယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့များထံ လွှဲပြောင်းထောက်ပံ့ပေးအပ်နိုင်ရေး ပြည်နယ်အစိုးရ အဖွဲ့ဝင်စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ယနေ့ လွှဲပြောင်းပေးအပ်သော အမှိုက်သိမ်းယာဉ်များမှာ မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေး အဖွဲ့အတွက် (၃)စီး၊ ဗန်းမော်မြို့နယ်အတွက် (၁) စီး၊ မိုးညှင်းမြို့နယ်အတွက် (၂)စီးနှင့် ပူတာအို၊ မိုးကောင်း၊ ချီဖွေ၊ တနိုင်းနှင့် လွယ်ဂျယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များအတွက် (၁)စီးစီကို လွှဲ ပြောင်းပေးအပ်ခြင်းဖြစ်သည်။
Visitors: 18,834