မိုးညှင်းခရိုင်အတွင်းရှိ တောင်သူ ၇၇၅ ဦးထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ -၇ များပေးအပ်

မိုးညှင်း သြဂုတ် ၈
ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း မိုးညှင်း၊ မိုးကောင်းနှင့်ဖားကန့်မြို့နယ်များရှိ ကျေးရွာအုပ်စု ၂၂ အုပ်စုမှ တောင်သူ ၇၇၅ ဦးတို့ထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ - ၇ ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီတွင် မိုးညှင်းမြို့၊ နမီးစုရပ်ကွက်ရှိ စိမ်းလဲ့ရတနာခန်းမ၌ ကျင်းပရာ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်ကျော်ဝင်း တက် ရောက်ချီးမြှင့်ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးက မိမိတို့ အစိုးရအဖွဲ့အနေဖြင့် တောင်သူများအကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ယနေ့ပေးအပ်မည့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုပုံစံ ၇ များကို စီမံချက်ချမှတ်ပြီး ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းအပြင် မွေးမြူရေးလုပ်ငန်းကိုလည်း ဆောင်ရွက်ကြရန်တိုက် တွန်းလိုပါကြောင်း၊ ပုံစံ ၇ ရရှိခြင်းမရှိသေးသည့် တောင်သူများအနေဖြင့်လည်း ထပ်မံလျှောက်ထားနိုင် ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသိန်းလွင်က လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ - ၇ နှင့် ပတ်သက်၍ စီမံချက်လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက မိုးညှင်းမြို့နယ်အတွင်းရှိ ရွာပေါင်း ၇ ရွာ၊ မိုးကောင်းမြို့နယ်အတွင်းရှိ ရွာပေါင်း ၈ ရွာနှင့် ဖားကန့်မြို့နယ်အတွင်းရှိ ရွာပေါင်း ၅ ရွာတို့မှ တောင်သူပေါင်း ၉၉၆ ဦးတို့အတွက် ဦးပိုင်ပေါင်း ၁၀၄၀ မှ ဧကပေါင်း ၁၀၁၃၉ ကို သက်ဆိုင်ရာ ကျေးရွာအုပ်စုများအလိုက် တောင်သူများထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်များကို ပေးအပ်ရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
Visitors: 18,834