ဟိုပင်၌ သွေးလွန်တုတ်ကွေးကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းစုပေါင်းဆောင်ရွက်

ဟိုပင် သြဂုတ် ၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ မေတ္တာရိပ်အဖွဲ့ ဦးဆောင်၍ သြဂုတ် ၈ ရက် နံနက် ၇ နာရီက သွေးလွန်တုတ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းကို မြသီတာ ရပ်ကွက်နှင့် မြဇေယျာရပ်ကွက်များသို့ အဖွဲ့ ၃၆ ဖွဲ့ ခွဲကာ စုပေါင်း၍ ဝိုင်း၀န်းဆောင်ရွက်ခဲ့ကြသည်။
၄င်းလုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်နှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊ မြို့မိမြို့ဖများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မေတ္တာရိပ်အသင်းအဖွဲ့၀င်များ၊ လူမှုကူညီရေးအသင်းအဖွဲ့၀င်များ၊ ပညာ့ဘဏ်အခမဲ့စာသင်ကျောင်း၊ အောင်စည်ဟိန်းဘော်ဒါဆောင်၊ ၀င်း ၀င်း ၀င်း ဘော်ဒါဆောင်နှင့် ပညာ့ရိပ်ဘော်ဒါဆောင်တို့မှ ကျောင်းသား ကျောင်းသူများ စုစုပေါင်းအင်အား ၂၀၀ ဦးကျော်တို့က စုပေါင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများ၊ လောက်လန်းတွေ့ရှိ အိုး၊ ခွက်များအား သွန်မောက် ခြင်းနှင့် ရေကန်များအား ရေဖောက်ထုတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ထို့ပြင် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့၀င်များနှင့် ပြည်သူများ ပူးပေါင်း၍ ၁၁ ရက်နေ့တွင်လည်း မြို့မတောင်ရပ်ကွက်နှင့် မြို့မမြောက်ရပ်ကွက်များသို့ သွား ရောက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Visitors: 21,880