ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးအတွင်း လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြစ်ကြီးနား ဩဂုတ် ၆
မိုးရာသီအတွင်း ခြင်ကြောင့်ဖြစ်ပွားတတ်သော တုပ်ကွေးရောဂါများ လျှော့ချနိုင်ရေးနှင့် ဆေးရုံ ကြီးသန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့အတွက် ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ယနေ့ နံနက်ပိုင်းတွင် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ဦးဆောင်၍ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြ သည်။
မြစ်ကြီးနားပြည့်သူ့ဆေးရုံဝင်းအတွင်း သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို ဆေးရုံးကြီး၏ ကလေးကုသဆောင်၊ ကင်ဆာကုသဆောင်၊ ဆေးစတိုနှင့် အချုပ်သားလူနာဆောင်၊ စိတ်ကျန်းမာရေး ကုသဆောင်ဝန်းကျင်ရှိ သစ်ပင်ခြံနွယ်များရှင်းလင်းခြင်း၊ အမှိုက်များကောက်သိမ်းပေးခြင်း၊ ရေမြောင်း များတူးဖော်ပေးခြင်းလုပ်ငန်းတို့ကို ပြည်နယ်၊ခရိုင်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းများက သတ်မှတ်နေရာများအလုက် စုပေါင်းဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက လှည့်လည်အားပေးကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Visitors: 18,833