မိုးရာသီအတွင်း ခြင်ကြောင့်အဖြစ်များသော တုပ်ကွေးရောဂါများ ဖြစ်ပွားမှုလျှေော့ချနိုင်ရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်သွားမည်

မြစ်ကြီးနား ဩဂုတ် ၅
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၌ မိုးရာသီအတွင်း ခြင်ကြောင့်အဖြစ်များသော ရာသီတုပ် ကွေးရောဂါ၊ ဆင်တုပ်ကွေးရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားမှုလျှော့ချနိုင်ရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် စီမံဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာ များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ယင်းသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ်မိုးရာသီအတွင်း ခြင်ကြောင့်ဖြစ်ပွားတတ် သောရောဂါဖြစ်ပွားမှုနှုန်းသည် ယခင်နှစ်များထက် ပိုမိုများပြားလာသည့်အတွက် ပြည်သူ့ဆေးရုံကြီးအပါ အဝင် ရပ်ကွက်/ကျေးရွာအလိုက် လူထုလှုပ်ရှားမှုအသွင်ဖြင့် နှိမ်နင်းဆောင်ရွက်နိုင်ရေး၊ ဌာနဆိုင်ရာအား လုံးအပါအဝင် ရပ်ရွာလူထုများနှင့် ပူးပေါင်း၍ အမြန်ဆုံးအကောင်အထည်ဖော်ရေး တိုက်တွန်းမှာကြား သည်။
ယင်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ မြစ်ကြီးနားဆေးရုံအုပ် ကြီးတို့က ရာသီတုပ်ကွေးရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားအခြေအနေနှင့် နှိမ်နင်းဆောင် ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြစ်ကြီးနားခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရပ်ကွက်/ ကျေးရွာအလိုက် ခြင်နှိမ်နင်းရေး လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့ဆေးရုံကြီးအတွင်း၌ လည်းကောင်း၊ ရောဂါဖြစ်ပွားမှုအများဆုံး ရပ်ကွက်များ၊ အခြေခံပညာကျောင်းများတွင် လူထုပူးပေါင်းပါဝင်မှုဖြင့် အမြန် ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရေး ဆွေးနွေးဆုံးဖြတ်ပေးခဲ့သည်။
ကချင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ မြစ်ကြီးနားမြို့နယ်၌ ဖြစ်ပွားမှုအများ ဆုံးဖြစ်ကာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ မေလမှဩဂုတ်လ ၂ ရက်နေ့အထိစာရင်းများအရ လူဦးရေ ၉၀၀ ကျော်ရှိနေပြီး ပြည်သူ့ဆေးရုံကြီး၌လည်း ပြင်ပလူနာဌာန၊ ဖျားနာကုသဆောင်၊ ကလေး ကုသဆောင်တို့တွင် လူဦးရေ ၇၀၈ ဦးအထိရှိပြီး သေဆုံးသူ ၇ ဦးရှိကြောင်းနှင့် ကလေးငယ်များ၌ အဖြစ် များလျက်ရှိပြီး ကလေးကုသဆောင်၌ ကျား ၁၄၆ဦး၊ မ ၁၅၁ ဦး စုစုပေါင်း ၂၉၇ ထိရှိနေကြောင်း ဆေးရုံ ကြီး၏ စာရင်းဇယားများအရ သိရှိရသည်။
Visitors: 18,834