ဗန်းမော်ခရိုင်အတွင်း တောင်သူ ၄၇၈ ဦးတို့အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)များပေးအပ်

ဗန်းမော် သြဂုတ် ၅
ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းရှိ တောင်သူ ၄၇၈ ဦးတို့အား လယ်ယာမြေဧက ပေါင်း ၁၆၀၀ ကျော်အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ ပေးအပ်ခြင်းကို သြဂုတ် ၅ ရက် နံနက် ၁ဝ နာရီတွင် ဗန်းမော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ပေးအပ်ခဲ့ကြသည်။
အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်ကျော်ဝင်းက ယခုလို တောင်သူများထံသို့ လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်(ပုံစံ-၇)များပေးအပ်နိုင်ရေးအတွက် စီမံချက်ရေးဆွဲ၍ ဆောင်ရွက်ပေးလျက်ရှိ ကြောင်းနှင့် လာမည့်စက်တင်ဘာလတွင် နောက်ထပ်တစ်ကြိမ် ထပ်မံပေးအပ်သွားမည်ဖြစ် ကြောင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး ဦးသိန်းလွင် က လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဗန်းမော် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ၊ခရိုင်အုပ်ချုပ်ရေးမှူးဦးထွေးမြင့်က ဗန်းမော်ခရိုင်အတွင်း ရှိ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) လုပ်ငန်းစီမံချက်အပေါ်ဆောင်ရွက်ပြီးစီးမှုအခြေ အနေကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များကို ကချင်ပြည်နယ်လွှတ်ဘ တော်ဥက္ကဌ ဦးထွန်းတင်၊ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ခရိုင်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဗန်းမော်မြို့နယ်အတွင်းရှိ ကျေးရွာ(၁၂)ရွာမှ တောင်သူ ပေါင်း(၇၃)ဦးအတွက် လယ်ယာမြေ(၅၂၃ ဒသမ ဝ၂)ဧက၊ မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာ (၂)ရွာမှ တောင်သူပေါင်း(၁၆ဝ)ဦးအတွက် လယ်ယာမြေ(၆၂၈ ဒသမ ၃၄)ဧကနှင့် မန်စီမြို့နယ် အတွင်းရှိ ကျေးရွာ(၂)ရွာမှ တောင်သူပေါင်း(၂၄၅)ဦးအတွက် လယ်ယာမေ(၅ဝဝ ဒသမ ၂၂) ဧက တို့ကို သက်ဆိုင်ရာကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌထံသို့ အသီး သီးပေးအပ်ခဲ့ကြသည်။
Visitors: 18,834