ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ပြည်နယ်လွှတ်တော်၌ ကတိသစ္စာပြုလက်မှတ်ရေးထိုး

မြစ်ကြီးနား ဩဂုတ် ၂
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် တာဝန်ပေးခန့်အပ်ရန် သဘောတူခဲ့သော ဦးဇော်ဝင်းက ယနေ့ နံနက်ပိုင်းတွင် ကျင်းပ သည့် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၃/၂၀၁၉) ဒုတိယနေ့တွင် ပြည်နယ်လွှတ်တော်၌ ကတိသစ္စာပြုလက်မှတ်ရေးထိုးသည်။
အစည်းအဝေးတွင် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် ၄၇ ဦး တက်ရောက်ခဲ့ကြပြီး အစည်းအဝေးမတက်ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်များအား ခွင့်ပန်ကြားပြီး လွှတ်တော်ဥက္ကဋ္ဌ အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်း ကြေညာသည်။
ယင်းနောက် အစည်းအဝေးပထမနေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် သဘောတူထားသည့် တနိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် ကချင်ပြည်နယ်လွှတ်တော်ဥပဒေလေ့လာစိစစ်ရေးနှင့်အကြံပေးအဖွဲ့၊အဖွဲ့ဝင်တစ်ဦး ထပ်တိုးဖွဲ့စည်းခြင်းကို လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ပြီး အစည်းအဝေး ဒုတိယနေ့ကို ရပ် နားလိုက်ပြီး ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၃/၂၀၁၉) အောင်မြင် စွာကျင်းပပြီးစီးသည်။
Visitors: 18,834