ပြည်နယ်ဝန်ကြီးချုပ် ပြည်သူ့ဆေးရုံကြီး၌ ရာသီတုပ်ကွေးရောဂါ ကုသပေးနေမှုအခြေအနေနှင့် ကလေးကုသဆောင်အတွင်းရှိ လူနာများအား လိုက်လံကြည့်ရှုအားပေး

မြစ်ကြီးနား ဇူလိုင် ၂၉
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုအခြေအနေနှင့် ပြည်သူ့ဆေးရုံ ကြီး၌ ကလေးကုသဆောင်အတွင်း ကလေးလူနာများပြားလာမှုကြောင့် သန့်ရှင်းရေးနှင့် ရေလုံစွာရရှိရေး အတွက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ဇူလိုင် ၂၉ ရက် ညနေပိုင်းတွင် သွားရောက်ကြည့်ရှုခဲ့ကြသည်။
မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ပြည် နယ်ဦးစီးမှူး ဒေါက်တာအေးသိန်းနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်တို့က ပြည်သူ့ဆေးရုံကြီးအ တွင်း ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ဆေးဝါးကုသပေးနေမှုအခြေအနေများ၊ အသိပညာပေးလုပ် ငန်းများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် ဖုန်း၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်နိုင်မှုအခြေ အနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့ အနေဖြင့် လိုအပ်ချက်များအပေါ် ဖြည့်ဆည်းကူညီပံ့ပိုးလျက်ရှိကြောင်း၊ ရာသီတုပ်ကွေးရောဂါအတွက် ဆေးဝါးကုသမှုလုပ်ငန်းများဆောင်ရွက်နေသကဲ့သို့ ပြည်သူများအကြား အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်နိုင်ရေးစီမံဆောင်ရွက်သွားကြရန်လိုကြောင်းတိုက်တွန်းမှာကြားပြီး ပြည်နယ် ဝန်ကြီးချုပ်က ဆေးရုံကြီးအတွင်း ကလေးလူနာများအတွက် အာဟာရကျွေးမွေးနိုင်ရေးငွေကျပ်သိန်း ၂၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဆေးရုံကြီးအတွင်း၌ ကလေးလူနာများပြားမှုကြောင့် ကလေးကုသဆောင်အပြင် အရိုးကုသဆောင်၊ ကင်ဆာကုသဆောင်များ၌ ကလေးလူနာများထား၍ ဆေးဝါးကုသပေးနေမှု အခြေအနေများနှင့် လူနာများအားလိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကလေးကုသ ဆောင်အတွင်း သန့်ရှင်းရေး၊ ရေနှင့် အိမ်သာလုံလောက်မှုရှိစေရေးတို့အတွက် ယာယီဖြေရှင်းဆောင်ရွက် ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးခဲ့သည်။
အလားတူ နံနက်ပိုင်းတွင်လည်း ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ အံ့တော်ရှင်ကျောင်း ဝင်းအတွင်းရှိ သီတဂူစက္ကုဒါနဆေးရုံ၌ မြစ်ကြီးနားမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ ဇူလိုင် ၂၆ ရက်နေ့မှ ဩဂုတ် ၁ ရက်နေ့အထိ အခမဲ့ဆေးကုသရေးအစီအစဉ်ဖြင့် ရာသီတုပ်ကွေးရောဂါကုသပေး နေမှုအခြေအနေများကို ကြည်ရှုအားပေးခဲ့ပြီး ဆေးဝါးကုသမှုလာရောက်ခံယူလျက်ရှိသော လူနာများကို လိုက်လံအားပေးကာ လိုအပ်သည့်ဆေးဝါးအကူအညီများ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးခဲ့သည်။
Visitors: 20,042