မြစ်ကြီးနားမြို့၌ စခန်းအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြည်လည်ထူထောင်ရေးသင်တန်း ဖွင့်လှစ်

မြစ်ကြီးနား ဇူလိုင် ၂၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြန်လည်ထူထောင်ရေးစခန်း၌ မူးယစ်ဆေးဖြတ်ပြီးသူများ အား လူမှုအသိုက်အဝန်းအတွင်း ပြန်လည်ဝင်ဆံ့ပေါင်းစည်းနိုင်ရေးအတွက် စခန်းအခြေပြုမူးယစ်ဆေး ဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း (၂/၂၀၁၉)ကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ် သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီး ဦးနေဝင်းက မူးယစ်ဆေးဝါးပြဿနာ ကိုအားလုံးဝိုင်းဝန်းလက်တွဲ၍ ပူးပေါင်းဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို ပုံမှန်လူမှုဘဝ အသိုက်အဝန်း ပတ်ဝန်းကျင်ထဲကို ပြန်လည်ရောက်ရှိလာအောင် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားပြီး သင်တန်းအတွက် ဆန်၊ ဆီ၊ ကုလားပဲစသည့် စားသောက်ကုန်ပစ္စည်းများနှင့် သင်တန်းအတွက် လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့လှူဒါန်းပေးကြသည့် လူမှုရေး အဖွဲ့အစည်းများနှင့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
အဆိုပါ စခန်းအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကို ၂၈.၇. ၂၀၁၉ ရက်နေ့မှ ၂၅.၁၀.၂၀၁၉ ရက်နေ့အထိ သင်တန်းသား ၂၀ ဦးတို့အား ကျန်းမာရေးဦးစီးဌာန၊ မြစ်ကြီးနားမူးယစ်ဆေးရုံနှင့် SARA တို့မှကုသရေးလုပ်ငန်းများအပြင် သက်မွေးသင်တန်းများဖြစ်သည့် ဆိုင်ကယ်ပြုပြင်ရေးသင်တန်း၊ ကောက်ရိုးမှိုနှင့် ငွေနှင်းမှုစိုက်ပျိုးနည်းသင်တန်းများကို သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Visitors: 18,834