ကချင်ပြည်နယ် မြစ်ကြီးနားဇုန် တက္ကသိုလ်/ ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေး

မြစ်ကြီးနား ဇူလိုင် ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားဇုန် တက္ကသိုလ်/ ဒီဂရီကောလိပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၃ နာရီတွင် သီတာရပ်ကွက် ငြိမ်းချမ်းသာယာဘောလုံးကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ယနေ့ပြိုင်ပွဲသည် အာဆီယံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲတွင် ယှဉ်ပြိုင်နိုင်ရန်အတွက် ဇုန်အလိုက် ကျင်းပပြီး လူရွေးချယ်ရန် အတွက်ဖြစ်ကြောင်း၊ ဒါအပြင် ဆရာ/ ဆရာမများအနေဖြင့် မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းမျှဝေခဲ့ ကြသည့် ယခုလိုအမွေခံကောင်းများကို ခိုင်မြဲအောင် ထိန်းသိမ်းပြီး ဘူမိနက်သန် မြစ်ကြီးနားဇုန်ကနေ မျိုးချစ်စိတ်ဓာတ်နှင့် အားကစားစိတ်ဓာတ် အပြည့်အဝရှိသည့် အားကစားသမားကောင်းများကို အစဉ် အလာမပျက် မွေးထုတ်ပေးသွားနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ကျောင်းသူလေးများက အေရိုးဗစ်အကအလှဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အဖွင့်ပွဲ စဉ်အဖြစ် မြစ်ကြီးနားနည်းပညာတက္ကသိုလ်နှင့် ဗန်းမော်တက္ကသိုလ်တို့မှ အမျိုးသားဘောလုံးပြိုင်ပွဲကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။
မြစ်ကြီးနားဇုန် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားတက္ကသိုလ်၊ ဗန်းမော်တက္ကသိုလ်၊ မိုးညှင်းဒီဂရီကောလိပ်၊ နည်းပညာတက္ကသိုလ်-မြစ်ကြီးနား၊ ကွန်ပျူတာတက္ကသိုလ်-မြစ်ကြီးနား၊ ပညာရေးကောလိပ်-မြစ်ကြီးနားတို့မှ အမျိုးသားဘောလုံးအသင်း ၆ သင်းနှင့် အမျိုးသမီးဘောလုံးအသင်း ၃ သင်းဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အထက်မြန် မာပြည်ဇုန်အားလုံးပြိုင်ပွဲတွင် မြစ်ကြီးနားဇုန်အနေဖြင့် ၃ နှစ်ဆက်တိုက် ပထမဒိုင်းဆု ရယူနိုင်ခဲ့ပြီး ဒုတိယဆုကို ၂ နှစ်ဆက်တိုက်ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။
Visitors: 22,168