ပြည်နယ်ဝန်ကြီးမှ ဟိုပင်၌ ဆင်တုပ်ကွေးရောဂါအခမဲ့ကုသပေးမှုကို သွားရောက်ကြည့်ရှုအားပေး

ဟိုပင် ဇူလိုင် ၂၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ ဆင်တုပ်ကွေးရောဂါ အဖြစ်များသဖြင့် ဟိုပင်မြို့ မြို့တော် ခန်းမတွင် ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၅နာရီထိ နေ့စဉ် အခမဲ့ ကုသပေးလျှက်ရာ ပြည်နယ်အစိုးရ အဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဆင်တုပ်ကွေးရောဂါအခမဲ့ဆေးကုသခြင်းကို မိုးညှင်းခရိုင် ကျန်းမာရေးမှူး ဦးလှဌေး ဦးဆောင် သည့် ကျန်းမာရေး၀န်ထမ်းများ၊ ခမရ- ၃၈၈ တပ်ရင်းမှ ဆေးဗိုလ်ကြီး ဒေါက်တာရန်မျိုးအောင်နှင့် အဖွဲ့၊ မေတ္တာရိပ်အဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် အလှူရှင်များ စုပေါင်းလှူဒါန်းငွေများဖြင့် ၁ ရက်လျှင် လူနာ ၅၀၀ ကျော်ကို အခမဲ့ ကုသပေးလျက်ရှိသည့်အပြင် တပ်မတော်အထွေထွေနယ်လှည့်ကျန်း မာရေးစောင့်ရှောက်မှုအဖွဲ့မှ ကလေးအထူးကုပါရဂူ ဗိုလ်ကြီးစိုင်းမျိုးထွဋ် ဦးဆောင်သည့် အထွေထွေရောဂါ အထူးကု ပါရဂူနှင့် အဖွဲ့၀င်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ ဆေးဗိုလ်ကြီးနှင့် ဆေးမှူးများ၊ ဟိုပင်မြို့ လူမှုကူညီရေးအသင်းအဖွဲ့၀င်များကလည်း အ.ထ.က တေဇ ခန်းမ၌ ၂၀ ရက် နှင့် ၂၁ ရက် က ၂ရက်ကြာ အခမဲ့ ကုသပေးလျက်ရှိသည်။
အဆိုပါ အခမဲ့ဆေးကုသပေးမှုလုပ်ငန်းများကို့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၊ ၀န်ကြီး ဦးကျော်ကျော်၀င်းသည် မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲအောင်နှင့် ဌာနဆိုင်ရာ များနှင့်အတူ လူနာများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဆင်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများကို ခရိုင်ကျန်းမာရေးမှူး ဦးလှဌေးက ဟောပြောခဲ့သည်။ ယင်းဆေးကုသခြင်းကို ဟိုပင်မြို့နယ်အတွင်းရှိ ဆင်တုပ်ကွေးရောဂါသည်များ လျော့ကျသည့်အထိ ဆက်လက် ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Visitors: 18,833