e-Government လုပ်ငန်းအထောက်အကူပြု လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ပထမအကြိမ် ရုံးသုံးအခြေခံကွန်ပြူတာသင်တန်းဖွင့်လှစ်

မြစ်ကြီးနား ဇူလိုင် ၂၀
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ e-Government လုပ်ငန်းအထောက်အကူပြု လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမအကြိမ်အဖြစ် ပြည်နယ်အစိုးရအဖွဲ့ရုံးဝန်ထမ်းများအား ရုံးသုံးအခြေခံကွန်ပျူတာသင်တန်းနှင့် အခြေခံကွန်ပျူတာပြုပြင်ထိန်းသိမ်းရေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ကချင်ပြည်နယ် e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မ တီဥက္ကဋ္ဌ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်က ဌာနဆိုင်ရာ လုပ်ငန်းများ၊ သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ လျင်မြန်စွာချိန်ဆက်ဆောင်ရွက်နိုင် ရေးရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် e-Government စနစ်အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် ထိရောက်အောင်မြင်ဖို့အတွက် နိုင်ငံဝန်ထမ်းများအနေဖြင့် ယခင်နှင့်မတူ အသိပညာ၊ အတတ်ပညာ၊ IT ၊ ET ၊ ကွန်ပျူတာများကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုတတ်ဖို့ လိုအပ်ကြောင်းပြော ကြားသည်။
ယင်းနောက် မြစ်ကြီးနားကွန်ပျူတာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဒေါက်တာသန်းနိုင်စိုးက e-Government ၏ ရည်ရွယ်ချက်နှင့်အကောင်အထည်ဖော်မှုအခြေအနေများ၊ သင်တန်းပို့ချမည့် သင်ခန်း များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက သင်တန်းခန်းမအတွင်း သင်တန်းပို့ချမှုအခြေအနေတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့ဖွင့်လှစ်သည့် သင်တန်းအပတ်စဉ်(၁/၂၀၁၉)တွင် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အရာထမ်း၊ အမှု ထမ်း ၄၃ ဦးတို့အား ကွန်ပျူတာတက္ကသိုလ်မှ ဆရာ/ဆရာမများက ရုံးသုံးအခြေခံကွန်ပျူတာသင်တန်း နှင့် အခြေခံကွန်ပျူတာပြုပြင်ထိန်းသိမ်ရေးသင်တန်း (Basic A+) သင်ခန်းစာများကို ရုံးချိန်ထိခိုက်မှုမရှိ စေရေး ရုံးပိတ်ရက်များတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် e-Government လုပ်ငန်းစနစ်တကျဖြင့် လျင်မြန်စွာ အကောင်အထည်ဖော်ရေးအတွက် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား စာရင်း ကောက်ယူလျက်ရှိပြီး သင်တန်းအမျိုးအစား (၇)မျိုးကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Visitors: 22,168