မြစ်ကြီးနားမြို့၌ (၇၂)နှစ်မြောက် အာဇာနည်နေ့အထမ်းအမှတ် အခမ်းအနားနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားများကျင်းပ

မြစ်ကြီးနား ဇူလိုင် ၁၉
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းအခမ်း အနားနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားများကို ဇူလိုင် ၁၉ ရက်တွင် ကျင်းပပြုလုပ် ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို လွမ်းသူ့ပန်းခွေချအလေးပြု ခြင်းအခမ်းအနားကို နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်ရှိ ဗိုလ်ချုပ်ရင်ပြင်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းချုပ်နှင့်ဇနီးတို့က လွမ်းသူ့ပန်းခွေများချပေး ကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသူအားလုံးက ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို (၂)မိနစ်ငြိမ်သက်စွာ မေတ္တာပို့အမျှပေး ဝေခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ သူနာပြု/ သားဖွားနှင့် ဆရာအတတ်သင်ကျောင်းများမှ သင်တန်းသား/သူများ၊ မြို့ပေါ်အခြေခံပညာ ကျောင်းများမှ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများက လွမ်းသူ့ပန်းခွေချပေးကြပြီး အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။
ထို့နောက် နံနက် ၁၀ နာရီတွင် မြို့တော်ခန်းမ၌ (၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ဆက်လက်ကျင်းပရာ ဆရာတော်/ သံဃာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များနာယူကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများဆက်ကပ်လှူါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
Visitors: 22,168