ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၉)ကျောင်း ယာယီပိတ်ထားရ

ရွှေကူ ဇူလိုင် ၁၅
ဧရာဝတီမြစ်ရေမြှင့်တက်၍ ရေဝင်ရောက်လာမှုကြောင့် ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း၌ စာသင်ကျောင်း (၉)ကျောင်း ပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသား ကျောင်းသူ (၈၂)ဦး ပညာသင်ကြားနေသော (ပေါက်ကုန်း) အခြေခံပညာမူလတန်းကျောင်းl
ကျောင်းသား ကျောင်းသူ (၅၂)ဦး ပညာသင်ကြားနေသော (ကုန်းနု) အခြေခံပညာမူလတန်းကျောင်းl ကျောင်းသား ကျောင်းသူ (၆၄)ဦး ပညာသင်ကြားနေသော (မဟာနဒီ) မြို့မအနောက် အခြေခံပညာမူလတန်းကျောင်းl
ကျောင်းသား ကျောင်းသူ (၄၃)ဦး ပညာသင်ကြားနေသော (ရေပျံကြီး) အခြေခံပညာမူလတန်းကျောင်းl ကျောင်းသား ကျောင်းသူ (၅၄)ဦး ပညာသင်ကြားနေသော (ရေလယ်ကျွန်း) အခြေခံပညာမူလတန်းကျောင်းနှင့်
ကျောင်းသား ကျောင်းသူ (၁၃၇)ဦး ပညာသင်ကြားနေသော (ဇင်းဘုံ)l အခြေခံပညာမူလတန်း(လွန်)ကျောင်းl (ကျောက်တလုံး)နှင့် (နောင်မို) ကျောင်းl (မင်းကျောင်းကုန်း) အခြေခံပညာအလယ်တန်းကျောင်းများဖြစ်ပြီး ယနေ့နံနက် (၆)နာရီခွဲအချိန် မြို့နယ်မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်မှာ (၉၃၀) cm ဖြစ်ပြီး ရောက်ရှိရေအမှတ်မှာ (၉၇၁) cm ဖြစ်ကြောင်း သိရသည်။
Visitors: 18,834