ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မြစ်ကြီးနား ဇူလိုင် ၁၅
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ဓမ္မရက္ခိတဝန်းသိုကျောင်းဆရာတော် ဘဒ္ဒန္တကေတုမာလာနှင့် ပင့်သံဃာတော်များ ကြွရောက်တော် မူကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နှင့် ဇနီးဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်စာရင်းစစ် ချုပ်နှင့်ဇနီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြပြီး နမောတဿ ၃ ကြိမ်ရွှတ်ဆို အခမ်းအနားဖွင့်လှစ်ပြီး ဆရာတော်သံဃာတော်များထံ မှ ငါးပါးသီလခံယူဆောက်တည်ကြကာ ပရိတ်တရားတော်များ နာယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ ဝါသို သင်္ကန်းဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနား ကိုရုတ်သိမ်းလိုက်ကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယနေ့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများက လှူဒါန်းသည် လှူဒါန်းမှုအစုစုမှာ သင်္ကန်း ၁၀၀ စုံနှင့် ငွေသား ၄၀ သိန်း ၉ သောင်း ၇ ထောင် ရှိကြောင်းသိရသည်။
Visitors: 18,834