ဗန်းမော်၌ ရေဘေးသင့်ပြည်သူများအား အစားအစာများပေးအပ်လှူဒါန်း

ဗန်းမော် ဇူလိုင် ၁၄
ဗန်းမော်မြို့တွင် ဧရာ၀တီမြစ်ရေကြီးမှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းများ၌ ခေတ္တ ခိုလှုံနေကြသော မိသားစု၀င်များထံသို့ အစားအစာများကို လက်၀ယ်အရောက် ဇူလိုင် ၁၄ ရက် နံနက် (၁၁) နာရီတွင် ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် မြို့ပေါ်ရှိ ယာယီကယ်ဆယ်ရေးစခန်း (၉)ခုသို့ ပြောင်းရွေ့ နေထိုင်ကြသည့် အိမ်ထောင်စုပေါင်း (၁၅၀)၊ လူဦးရေ (၅၇၅) ဦးတို့အား အလှူရှင်များက ပေးပို့ လှူဒါန်းသည့် ခေါက်ဆွဲခြောက်ထုပ်များ၊ သောက်ရေသန့်ဗူးများ၊ ထမင်းထုပ်များနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ လူတစ်ဦးလျှင် (၁) ရက် ငွေကျပ် (၃၀၀) နှုန်းဖြင့် (၇)ရက်စာ ဆန်ဖိုးငွေ ( ၁၂၀၇၅၀၀ ) ကျပ်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရပါသည်။
(၁၄-၇-၂၀၁၉)ရက်နေ့ နံနက် (၁၁) နာရီတွင် ဧရာ၀တီမြစ်ရေသည် ဗန်းမော်မြို့၏ စိုးရိမ်ရေအမှတ် (၁၁၅၀) စင်တီမီတာကိုကျော်လွန်၍ (၁၁၇၉) စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရပါသည်။
Visitors: 22,168