တနိုင်းချောင်းရေကြီးမှုကြောင့် ရေဘေးသင့်ပြည်သူများ ယာယီနေထိုင်ရန် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထား

တနိုင်း ဇူလိုင် ၁၃
တနိုင်းမြို့နယ်အတွင်း မိုးဆက်လက်ရွာသွန်းလျက်ရှိသဖြင့် တနိုင်းချောင်းရေမြင့် တက်ခဲ့ကာ ယနေ့ ဇူလိုင် ၁၃ ရက်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်းရှိ လူနေအိမ်များအတွင်း ချောင်းရေများ ပိုမိုဝင်ရောက်ခဲ့သောကြောင့် ရေဘေးသင့်ပြည် သူများ ယာယီနေထိုင်နိုင်ရေးအတွက် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိသည်။
နေအိမ်များအတွင်းသို့ ချောင်းရေဝင်ရောက်လျက်ရှိသည့် ဒူးကောင်းရပ်ကွက် အောင်စိုးမိုးကျေးရွာအပိုင်း၊ မိုင်းခွန်ကျေးရွာအုပ်စု ရေနံကုန်းကျေးရွာနှင့် ရွာသစ်ကုန်း ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား ယာယီနေထိုင်ရန်အတွက် တနိုင်းမြို့ ပုန်ခုန်းရပ်ကွက်ရှိ လမ်းဦးစီးဌာန(ရိပ်သာ)၌ လည်းကောင်း၊ မုန်ဒိန်ရပ်ကွက်၌ မြို့မ ဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု ( ၄၅ )စု၊ လူဦးရေ (၁၅၁) ဦး၊ သာယာရွှေပြည် ဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု ( ၇ )စု၊ လူဦးရေ ( ၃၂ )ဦးနှင့် ပုန်ခုန်းရပ်ကွက်ရှိ အထက(၁) စာသင်ကျောင်းတွင် အိမ်ထောင်စု ( ၃၆ )စု၊ လူဦးရေ (၁၂၈) ဦးတို့ကို လည်းကောင်း ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပြီး နေထိုင်လျက်ရှိသည်။
အဆိုပါ ရေကြီးမှုကြောင့် လူနေအိမ်များ ရေဝင်ရောက်ခဲ့သည့်အပြင် တနိုင်း- မိုင်းခွန်လမ်း မိုင်တိုင်အမှတ် (KM-5 နှင့် 9 )ကြား ရေအနက် ( ၃ )ပေခွဲခန့် လမ်းရေ ကျော်လျက်ရှိသည့်အတွက် သွားလာရေးယာယီပြတ်တောက်လျက်ရှိကြောင်းနှင့် အမက - အေးသုခကျာင်း၊ အမက-ဒရိန်ကောင်ရာကျောင်း၊ အမက- ဂျိုဆာဒီး၊ အမက- မိုင်းခွန် နှင့် မူလွန်၊မုန်ဒိန်ကျောင်းစသည့် စာသင်ကျောင်း ၅ ကျောင်းတို့ကို ဇူလိုင် ၁၁ ရက်နှင့် ၁၂ ရက်နေ့များက ယာယီပိတ်ထားခဲ့ကြောင်း သိရှိရသည်။
Visitors: 22,168