မိုးရွာသွန်းမှုကြောင့်ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီးနား လမ်းတံတားတစ်စင်းပျက်စီးမှုဖြစ်ပေါ်

ပူတာအို ဇူလိုင် ၁၃
ကချင်ပြည်နယ်၊ပူတာအိုခရိုင်အတွင်းမိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကာအင်ဂေါမကျေးရွာအနီးတံတား(၁)စင်းပျက်စီးမှုကြောင့်ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီနား ပြည်ထောင်စုလမ်းမကြီး ခရီးသွားလာမှု ယာယီပြတ်တောက်လျက်ရှိကြောင်းသိရသည်။
ဆွမ်ပရာဘွမ်မြို့နယ်တွင်ဇူလိုင်(၁၂)ရက်နေ့ကမိုးသည်းထန်းစွာရွာသွန်းမှုကြောင့်ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီးနားပြည်ထောင်စုလမ်းမကြီး(၂၉၆/ဝနှင့်၃၀၀/ဝ)ကီလိုမီတာကြား လမ်းမြေသားပဲ့ကျခြင်း၊ ကီလိုမီတာ(၂၈၉/ဝနှင့်၂၉၄/ဝ)အကြား နှင့်(၃၂၁/ဝနှင့် ၃၂၇/ဝ)ကြားတွင် တောင်မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ပြီးအင်ဂေါမကျေးရွာအုပ်စု၊ကီလိုမီတာ(၁၄၉/ဝ)အနီး ရှိတံတားအမှတ်(၄/၁၄၉)၊ ပေ(၈၀)တစ်လွှာတစ်ထပ် ဘေလီသံဘောင်သစ်သားတံတားရေကျော်ပျက်စီးမှုများကြောင့်
ခရီးသွားလာမှုယာယီပြတ်တောက်လျက်ရှိကာတံတားအထူးအဖွဲ့(၁)မှ
စက်ယန္တရားများ၊ လူအင်အားများဖြင့်ပုံမှန်အတိုင်း သွားလာနိုင်ရေးအတွက်ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Visitors: 21,880