ဧရာဝတီမြစ်ရေကြီးမှုသတိပေးချက်

မြစ်ကြီးနား ဇူလိုင် ၁၂
ကချင်ပြည်နယ်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ညနေ ၇ နာရီ တိုင်းတာ ချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာတွင် ၁၁၉၇ ထိရောက်ရှိနေကြောင်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြု အပ်ပါသည်။
Visitors: 22,168