မြစ်ကြီးနားမြို့၌ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးရရှိစေနိုင်မှုဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဇူလိုင် ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးရရှိစေနိုင်မှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ငွေကြေးရရှိစေနိုင်မှုဆိုင်ရာများဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း ဦးဆောင်သော ကော်မတီ အဖွဲ့ဝင်များနှင့် ပြည်နယ်အတွင်းရှိ ကုန်သည်/ စက်မှုအသင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ ညှိနှိုင်းဆွေး နွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
ညှိနှိုင်းဆွေးနွေးပွဲတွင်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံတော်အနေဖြင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့စည်းပြီး လုပ်ငန်းကော်မတီ(၅)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လုပ်ငန်းကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကုန်သည်/ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ငွေကြေးရရှိ စေနိုင်မှုဆိုင်ရာများဆောင်ရွက်ရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း၊ ယနေ့လည်း လုပ်ငန်း ရှင်များ၏ တင်ပြချက်များအနက် ဖြေရှင်းပေးနိုင်သည်များကို ဖြေရှင်းပေးပြီး ချက်ချင်းဖြေရှင်းမရသည် များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးရေးတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ကော်မတီအနေဖြင့် လုပ်ငန်းရှင်များကို အတိုးနှုန်း သက်သာသောဘဏ်ချေးငွေများရရှိနိုင်ရေး၊ ဘဏ်များဘက်မှလည်း ငွေချေးလိုသူလုပ်ငန်းရှင်များမှတင်ပြသည့် အထောက်အထားများခိုင်လုံပါက ကြန့်ကြာမှုမရှိစေဘဲ ထုတ်ချေးပေးနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း ရှင်းလင်းပြော ကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက SMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် မဖြစ်မနေဖြည့် ဆည်းပေးရမည့် လိုအပ်ချက်များ၊ အကူအညီများကို နိုင်ငံတော်မှလည်းကောင်း၊ အချို့ကို Public Private Partnership-PPP အရ လည်းကောင်း ဖြည့်စွက်ပေးလျက်ရှိသည့်အခြေအနေများ၊ ကချင် ပြည်နယ်အတွင်း SMEs လုပ်ငန်းရှင်များအပါအဝင် ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူများကို ချေးငွေထုတ်ချေးပေးနိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် ကချင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းမှ ဆိုင်ရာလုပ်ငန်းစုအဖွဲ့ဝင်များဖြစ်သော ကျောက်မျက်နှင့် ကျောက်စိမ်းလုပ်ငန်းရှင်များ အသင်း၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၊ ရက်ကန်းလုပ်ငန်းရှင် များအသင်းတိုင်းရင်းဆေးလုပ်ငန်းရှင်များအသင်းနှင့် မွေးမြူရေးလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများ နှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ရာတွင် ချေးငွေရယူမှုဆိုင်ရာကိစ္စရပ်များတွင် တွေ့ကြုံရသည့် အခက်အခဲများ၊လိုအပ်ချက်များနှင့် ပြုပြင်ပြောင်းလဲပေးနိုင်ရေးအတွက် ဖြေလျောပေးရမည့်ကိစ္စရပ်များ ကို ကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။
လုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ငွေရေးကြေးရေးကြီးကြပ်စိစစ်ရေးဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံခြားငွေစီမံခန့်ခွဲမှုဌာန(ရန်ကုန်)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ငွေစုဘဏ်လုပ်ငန်းနှင့်ဖွံ့ဖြိုးရေးချေးငွေဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ နှင့် အရာထမ်းများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းရှင်များ၏ ငွေကြေး ရရှိစေနိုင်မှုဆိုင်ရာအခက်အခဲများ၊ လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးနိုင်ရေး၊ လိုအပ်ချက်၊ အကြံပြုချက်များနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။
Visitors: 17,771