ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်အတွင်း မြစ်ရေဝင်ရောက်မှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇူလိုင် ၁၀
ကချင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ခဲ့ပြီး မြစ် ကြီးနားမြို့ လယ်ကုန်းရပ်ကွက်အတွင်း မြစ်ရေဝင်ရောက်မှုအခြေအနေနှင့် ဧရာဝတီမြစ်ရေမြင့်တက်မှု အခြေအနေတို့ကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန် ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်ကြည့်ရှုစစ်ဆေးကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်နှင့် ကြက်ပေါင်ခြံသွား မြို့ ပတ်တာရိုးလမ်းပေါ်ရှိ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ပေါက်နေရာ၌ မြစ်ရေများဝင်ရောက်နေ မှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေတားတာဘောင်စနစ်တကျဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေး နွေးခဲ့ကြပြီး ထိုမှတစ်ဆင့်မြို့မရပ်ကွက်ကမ်းနားလမ်း၌ဧရာဝတီမြစ်ရေမြင့်တက်မှုအခြေအနေကိုကြည့်ရှု စစ်ဆေးခဲ့ကာ မြစ်ရေမြင့်တက်မှုအခြေအနေနှင့်ပတ်သက်၍ ကြိုတင်အစီအမံများ စီစဉ်ဆောင်ရွက်ထား နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ကချင်ပြည်နယ်အတွင်း ဇွန်လအတွင်းမှ စတင်၍ မိုးရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက် လာခြင်းဖြစ်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရ မြစ်ကြီးနားမြို့ တွင် စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာတွင် လက်ရှိ ၁၀၀၀ စင်တီမီတာရောက်ရှိနေပြီဖြစ်ကြောင်းနှင့် နောက်ထပ် ၂၄ နာရီအတွင်း ၁၇၀ စင်တီမီတာအထိ တိုးလာနိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
Visitors: 21,127