ပြည်နယ်ဝန်ကြီးချုပ် ရပ်ကွက်များအတွင်းရှိ လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဇူလိုင် ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရပ်ကွက်များအတွင်းရှိ လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်နိုင် ရေးအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်း စစ်ဆေးကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအတွင်း ပိတောက်မြိုင်ရွာ တွင်းလမ်းနှင့် ပလန(၅) သဇင်မြိုင်ကျေးရွာတွင်းလမ်းများကို ကျောက်ချောလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းနိုင်ရေးအတွက် ရပ်မိ/ ရပ်ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးခဲ့ကြသည်။
ယင်းနောက် နောင်နန်းရပ်ကွက်၊ တြီနီတီဘုရားကျောင်းအတွင်း ကွန်ကရစ်လမ်း ခင်းကျင်းနေမှု အခြေအနေနှင့် တပ်ကုန်းအင်ဂျန်ဒုံရပ်ကွက်အတွင်းရှိ ရဝမ်လမ်း၊ အရှည် ၃၅၀၀ ပေ ကျောက်ချောလမ်း နှင့်ပမ္မတီးရပ်ကွက်အတွင်းရှိ ခရေလမ်းတို့ကို ကတ္တရာခင်းကျင်းနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သီတာ ရပ်ကွက် လမ်းသွယ်(၄)၊ ငြိမ်းချမ်းသာယာအားကစားကွင်းနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနရုံးကြားတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ရုံးမြေနေရာအဖြစ် လျာထားတင်ပြမှုအခြေအနေနှင့် အေးစေတီ ရပ်ကွက် တောင်သူကြီးလမ်း၊ အရှည်ပေ ၄၀၀၀ ကျော်ကို ကတ္တရာအဖြစ်ခင်းကျင်းပေးနိုင်ရေး ပြည်နယ် ဝန်ကြီးချုပ်က ရပ်ကွက်များတွင်းရှိ လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် လုပ်ငန်း များဆောင်ရွက်ရာတွင် မြေပြင်အခြေအနေ ကွင်းဆင်းတိုင်းတာစစ်ဆေး၍ အမြန်ဆုံးဆောင်ရွက်သွားနိုင် ရေးတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
Visitors: 20,042