(၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် ပြည်သူများ လွတ်လပ်စွာဂါဝရပြု လွမ်းသူ့ပန်းခွေချနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်

မြစ်ကြီးနား ဇူလိုင် ၄
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် မြို့နေပြည် သူများ လွတ်လပ်စွာ ဂါဝရပြုလွမ်းသူ့ပန်းခွေချနိုင်ရေး အစီအမံများဖြင့် အခမ်းအနားအောင်မြင်စွာ ကျင်း ပပြုလုပ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များတက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအောင် မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအနေဖြင့် သတ်မှတ်ပေးအပ် ထားသည့် လုပ်ငန်းတာဝန်များအလိုက် တာဝန်ကျေပွန်စွာ လုပ်ဆောင်ကြရန်နှင့် ယခုနှစ် အာဇာနည်နေ့ အခမ်းအနားတွင် ပြည်သူများလွတ်လပ်စွာ ဂါဝရပြုလွမ်းသူ့ပန်းခွေချနိုင်ရေး စီမံဆောင်ရွက်သွားရန် လို ကြောင်း မှာကြားသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးနှင့် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအလိုက် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင် စွာကျင်းပနိုင်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုရင်ပြင်၌ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းနှင့် ဂါဝရပြုလွမ်းသူ့ပန်းခွေချခြင်း အခမ်းအနားနှင့် အာဇာနည်နေ့အထိမ်းအမှတ် ဆရာ တော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားများနှင့် အာဇာနည်ခေါင်းဆောင် ကြီးများ ကျဆုံးချိန်တွင် ဥသြဆွဲဂုဏ်ပြုနိုင်ရေးအတွက် စီမံဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် ပတ် သက်၍ ရှင်းလင်းတင်ပြကြရာပြည်နယ်ဝန်ကြီးများနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လိုအပ်ချက်များ အပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားအောင်မြင်စွာ ကျင်းပပြုလုပ်နိုင် ရေးလိုအပ်ချက်များကို ညှိနှိုင်းဆုံးဖြတ်ပေးခဲ့သည်။
Visitors: 21,133