မြန်မာအမျိုးသမီးများအနေ့ အထိမ်းအမှတ် ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုခြင်းနှင့် အသိပညာပေးစကားဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်

မြစ်ကြီးနား ဇူလိုင် ၃
ကချင်ပြည်နယ်အတွင်းရှိ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် အမျိုးသမီးများ အားအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် အမျိုးသမီးရွှေ့ပြောင်းအလုပ် လုပ်ကိုင်သူများအတွက် အသိပညာပေးစကားဝိုင်း ဆွေးနွေးပွဲ အစီအစဉ်များဖြင့် ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်သော မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားကို ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့က အဖွင့်သီချင်းသီဆိုဖျော်ဖြေဖွင့်လှစ်ပေး ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အဖွင့်အမှာစကားပြောကြားကာ ၂၀၁၈-၂၀၁၉ ပညာ သင်နှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရှင် ထူးချွန်အမျိုးသမီးလေးများအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက (၅)ဘာသာဂုဏ်ထူးရှင်များနှင့် လူမှုဝန်ထမ်းအသိအမှတ်ပြု ပရ ဟိတမိဘမဲ့ဂေဟာများမှ တက္ကသိုလ်ဝင်တန်းတွင် (၁)ဘာသာဂုဏ်ထူးရ ကျောင်းသူများအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါက်တာ ဂျေကော့ဘူက ဆေးကျောင်းတက်ခွင့်ရကျောင်းသူတစ်ဦးအား ပညာသင်စရိတ် (၂)သိန်းကို ထောက်ပံ့ ပေးအပ်ခဲ့သည်။
ယင်းနောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သမီးပျို လေးများက ကချင် (၆)မျိုးနှင့် ရှမ်း (၅)မျိုးတို့၏ ရိုးရာဝတ်စုံ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုအား ပြသပေး ကြပြီး အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် အမျိုးသမီးရွှေ့ပြောင်းအလုပ်လုပ် ကိုင်သူများအတွက် သိကောင်းစရာများခေါင်းစဉ်ဖြင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်အလုပ်ရုံနှင့်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့နှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးရဲတပ်ဖွဲ့မှ ရဲအုပ်တင့်လွင်တို့နှင့် UN Women မှ Progamme Director ၊ ထွယ်စင်တာတို့မှ လူမှုဝန်ထမ်းဥပဒေအကြောင်း၊ အလုပ်သမားရွှေ့ပြောင်းမှုအခြေအနေများ၊ ပြည်နယ်အတွင်းဖြစ်ပေါ်နေ သည့် လူကုန်ကူးခံရသည့်ဖြစ်စဉ်များနှင့် ဥပဒေဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး စကားဝိုင်းဆွေးနွေး ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက လူရည်ချွန်အမျိုးသမီးလေးများ၊ စာစီစာကုံးပြိုင်ပွဲဆုရရှိသူများ၊ မြှားပစ်ပြိုင်ပွဲ၊ ဘောလုံး၊ ကရာ တေး၊ ကြက်ခြေနီထူးချွန်၊ မီးသတ်ထူးချွန်နှင့် သွေးလှူပေးနိုင်မှုအများဆုံးစသည့် ထူးချွန်အမျိုးသမီးများ အား ထပ်မံဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
Visitors: 17,770