ခရိုင်ပေါင်းစုံ အသက် ၂၅ နှစ်အောက် ဘက်စကက်ပြိုင်ပွဲ ဆုရအသင်းများအား ဂုဏ်ပြုဆုချီးမြှင့်

မြစ်ကြီးနား ဇူလိုင် ၁
ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဆပ်ကော်မတီမှ ကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ် ကချင်ပြည်နယ်၊ ခရိုင်ပေါင်းစုံ အသက် ၂၅နှစ်အောက် ဘက်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကို ဇွန် ၃၀ ရက် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘတ်စကတ်ဘောဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနား(က)အသင်းနှင့် (ခ)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ ကြပြီး မြစ်ကြီးနား (က)အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။ ဆက်လက်၍ ဂုဏ်ပြုဆုများကို ပေးအပ်ရာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ပြည်နယ်ဘက်စကက်ဘောဆပ်ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ပဉ္စမ၊ စတုတ္ထနှင့် တတိယနှင့် ဒုတိယဆုရရှိသောအသင်းများကို ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပထမဆုရရှိသော မြစ်ကြီးနား(က)အသင်းအား ပြည်နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမြင့်ခိုင်က တစ်ဦးချင်းဆုတံဆိပ်ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်အားကစား နှင့်ကာယပညာဆပ်ကော်မတီဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဦးနေဝင်းက ဂုဏ်ပြုဆုငွေ နှင့်ဆုဖလားတို့ကို ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့ကြသည်။
Visitors: 20,042