ပြည်နယ်ဝန်ကြီးချုပ် ဆဒုံးမြို့ရေလျှံမှုကြောင့် ရေဘေးသင့်မိသားစုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်၊ ဆည်နှင့် တံတားများကျိုးပျက်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇွန် ၃၀
ကချင်ပြည်နယ်အတွင်း ဇွန် ၂၆ ရက်က စတင်၍ မိုးသည်းထံစွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင်း ရေလျှံမှုအခြေအနေနှင့် မန်ဝိန်းကြီးကျေးရွာအုပ်စုအတွင်း မိုးရွာသွန်းမှု ကြောင့်ရေလွှဲဆည်နှင့်ကြိုးတံတားပျက်စီးမှုအခြေအနေတို့ကို ဇွန် ၂၉ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ရှေးဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ လွှတ် တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက် သံလမ်းကူးနေရာ၌ လမ်းတိုးချဲ့ပြီးစီးသည့်အတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်သွားမည့်အခြေအနေနှင့် အောင်နန်းရပ်ကွက်၊ အောင်ချမ်းသာလမ်း ကတ္တရာ ခင်းနိုင်ရေးကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုမှတစ်ဆင့် ဆဒုံးမြို့သို့ ထွက်ခွာခဲ့ကာ ဆဒုံးမြို့ ၂၅ ကုတင်ဆံ့ဆေးရုံအတွင်း ဆေးဝါးကုသမှု ခံယူနေသော လူနာများအား ကြည့်ရှုအားပေးကာ ထောက်ပံ့ငွေများပေးအပ်ပြီး ဆဒုံးချောင်းရေလျှံမှု ကြောင့် ရပ်ကွက်၂၊ ဈေးအတွင်း နှုန်းမြေများတင်ကျန် နေမှုကို နှုန်းရှင်းလင်းရေးလုပ်ငန်းများ ဆောင် ရွက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် လီဆူနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၌ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဘာသာ ရေးအသင်းအဖွဲ့များ၊ ရပ်ကွက် ၂ နှင့် ရပ်ကွက် ၅ မှ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံပြီး ပြည်နယ် ဝန်ကြီးချုပ်က ယနေ့ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဆဒုံးမြို့သဘာဝဘေးကြောင့် မြို့သူမြို့သားများ၏ လိုအပ်ချက်တွေအတွက် အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်းပေးနိုင်ရေးနှင့် ဆဒုံးမြို့ ရေရှည်ဖွံ့ဖြိုးတိုးတက် ရေး ပြည်သူများအား တိုက်ရိုက်အကျိုးပြုသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်ထောင်စုနှင့်ပြည် နယ်ဘဏ္ဍာရန်ပုံငွေများမှ ခွဲဝေလျာထားပြီး ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များနှင့် ပြည်သူများ ပူးပေါင်းပါဝင်မှုရှိမှသာ အဘက်ဘက်မှ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဦးအားတီယောဟန်က အားပေးစကားပြော ကြားပြီး ဆဒုံးမြို့သူ/သားများက ဒေသအတွက်လိုအပ်ချက်များဖြစ်သည့် စိုက်ပျိုးရေး၊ ပညာရေး၊ အလုပ် အကိုင်အခွင့်အလမ်းရရှိရေး၊ အားကစားကွင်း၊ မူးယစ်ဆေးဝါးပြဿနာများနှင့် မြို့တွင်း လမ်းနှင့်တံတား များရရှိရေး၊ စနစ်တကျရှိသည့်ဈေးဖြစ်ပေါ်လာစေရေးတို့ကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် ဌာန ဆိုင်ရာများ၏ ပြန်လည်ဖြေရှင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်ကဖြည့်စွက်ရှင်းလင်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဆဒုံးမြို့ရှိ ဗုဒ္ဓဘာသာကျောင်း ၁၅ သိန်းနှင့် ခရစ်ယာန် အသင်းတော်များအတွက် ၁၆ သိန်း စုစုပေါင်း ၃၁ သိန်း ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ရေဘေးသင့် မိသားစုများအတွက် ဆန်အိတ် ၁၂၀ အိတ်၊ ပညာ ရေးဌာနမှ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ကျောင်းသုံးကိရိယာများ၊ ကျောင်းဝတ်စုံနှင့် ကျောပိုးအိတ်များ၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှ Hygince Kit ၁၆၁ နှင့် ဓာတ်ဆားထုတ်များကို အသီးသီးထောက်ပံ့ပေးအပ် ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝိုင်းမော်မြို့နယ် ဆိုင်လော်ကျေးရွာအတွင်း ဆိုင်လော်နှင့် ဂျတ်မိုင်ယန်ကျေးရွာချင်းဆက် လန်နချောင်းကူးကြိုးတံတား ရေကြီးရေလျှံမှုကြောင့်မျေော ပါပျက်စီးမှုအခြေအနေနှင့် မန်ဝိန်းကျေးရွာအတွင်း ဆွတ်ဂျတ်ရေလွှဲဆည်တာဘောင်ကျိုးပေါက်မှုအခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများ အခက်အခဲမဖြစ်စေရေးအတွက် တံတားနှင့် ရေလွှဲ ဆည်တို့ကို အမြန်ဆုံးပြုပြင်တည်ဆောက်နိုင်ရန် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းစီစဉ်ဆောင်ရွက် ပေးခဲ့သည်။ ထို့နောက် ဝိုင်းမော်မြို့နယ် ဝါရှောင်ရေလွှဲဆည် ကြံခိုင်မှုအခြေအနေနှင့် ရေလှောင်ကန် ဆည်ယူနိုင်ရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Visitors: 17,771