မြစ်ကြီးနားမြို့တွင် ကမ္ဘာ့သစ်ပင်စိုက်ပွဲတော်နေ့အထိမ်းအမှတ် မြို့တွင်းလမ်းများ၏ လမ်းဘေးဝဲ/ယာများတွင် အရိပ်ရသစ်ပင်များစုပေါင်းစိုက်ပျိုး

မြစ်ကြီးနား ဇွန် ၂၇
၂၀၁၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သစ်ပင်စိုက်ပျိုးပွဲတော်နေ့ အထိမ်း အမှတ်အဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့ နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့တွင်းရှိ လမ်းမများ၏ လမ်းဘေး/ဝဲယာများတွင် အရိပ်ရသစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုးခြင်းကို သခင်နက်ဖေလမ်းတစ်လျှောက် မြစ်ကြီးနားဘူတာ တိုက်တန်းရှေ့၌ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများနှင့် ရပ်ကွက် နေပြည်သူများက အရိပ်ရသစ်ပင်(၂၇)မျိုးကို စုပေါင်းစိုက်ပျိုးပေးကြသည်။
အလားတူပင် ဈေးကြီးလမ်း၊ ရွှေတောင်လမ်း၊ အောင်ဆန်းလမ်း၊ ရုံးကြီးလမ်း၊ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်နှင့် ကမ်းနားလမ်းတစ်လျှောက်တို့တွင် ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား/ သူများက ချယ်ရီ၊ ငုဝါ၊ ပိတောက်၊ စိန်ပန်းပြာ၊ ကံ့ကော်၊ အာဆီယံသပြေ စသည့် အရိပ်ရပင် (၆၄၀)ပင် တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းနှင့် မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ၂၀၁၉ ခုနှစ် မိုးရာသီအတွင်း အရိပ်ရအပင်အမျိုးအစား (၂၇)မျိုးဖြင့် စုစုပေါင်း ၁၃၀၀၀ ကျော်ကို ဆက်လက်စိုက်ပျိုး ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။
Visitors: 19,920