အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်

မြစ်ကြီးနား ဇွန် ၂၆
၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်တွင် ကျရောက်သည့် (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ပြိုင်ပွဲ အသီးသီး တွင်ဆုရရှိသူများနှင့် (၁)နှစ်အတွင်း မူးယစ်ဆေးဝါးအများဆုံးဖော်ထုတ်ဖမ်းဆီးနိုင်သူများအား ဂုဏ်ပြု ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အမှာစကားပြောကြားပြီး ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေထံမှ ပေးပို့သော သဝဏ်လွှာကို ဖတ် ကြားသည်။
ယင်းနောက် (၃၂)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ် တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်တရားသူကြီးတို့က အထိမ်းအမှတ်နေ့အကြို ကျင်းပခဲ့သော ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ၊ တေးသီ ချင်း၊ ဓာတ်ပုံ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲများ တွင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ဗဟိုအဆင့်ဆုရရှိသူများနှင့် ပြည်နယ်အဆင့် ဆုရရှိသူများ၊ (၁) နှစ် အတွင်း မူးယစ်ဆေးဝါးအများဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်သည့် ရဲတပ်ဖွဲ့ဝင်များနှင့် ဖော်ထုတ်ဖမ်းဆီးရာ တွင် စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသော ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးအဖွဲ့ ၄ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ ပေးပို့သည့် မူးယစ်ဆေးဝါးများဆိုင်ရာ ဗီဒီယိုမှတ်တမ်းကို ဖွင့်လှစ်ပြ သပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့် ဆုရတပ်ဖွဲ့ဝင်များ၊ ကျောင်းသား/ သူများနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ၊ အခမ်းအနားတက်ရောက်လာကြသည့် ဧည်သည်တော်များသည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးပြခန်းအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
Visitors: 19,919