ကချင်ပြည်နယ် ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မြစ်ကြီးနား ဇွန် ၁၉
ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ စုပေါင်း၍ ကချင်ပြည်နယ် ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနား တက္ကသိုလ်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးတူးဂျာ၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ပညာရေးကောလိပ်၊သူနာပြုသင်တန်းကျောင်းများမှသင်တန်းသား/သူများ၊ ရပ်ကွက် နေပြည်သူများက စုပေါင်း၍ ရတနာတန်းဝင်ကျွန်းပင် ၁၂၀၀ ပင်၊ ပျဉ်းကတိုး ၂၀၀ ပင်၊ ကံကော်၊ မဟော် ဂနီ၊ ယမနေပင် ၅၀ ပင်စီနှင့် သစ်မွှေး ၃၀ ပင်၊ ရေတမာ၊ တောင်တမာ၊ တမလန်း၊ ခရေနှင့် ပိတောက်ပင် ၂၅ ပင်စီတို့ဖြင့် စုစုပေါင်းပျိုးပင် ၁၇၅၅ ပင်တို့ကို တစ်ပျော်တစ်
Visitors: 19,920