အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီး ရွှေကူမြို့နယ်အတွင်း လမ်းလုပ်ငန်းများနှင့် လျှပ်စစိမီးလင်းရးလုပ်ငန်းမျာ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေကူ ဇွန် ၁၅
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းညွန့်နှင့် အဖွဲ့သည် ဇွန် ၁၅ ရက် နံနက် ၈ နာရီခွဲတွင် ရွှေကူမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရွှေကူမြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော တကောင်း- ရွှေကူ- ဗန်းမော်- မြစ်ကြီးနားလမ်းပိုင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ စင်းဖုတ်ကျေးရွာတွင် Luxury Gaollp ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသည့် ကျေးရွာချင်းဆက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရွှေကူမြို့နယ် ၆၆/ ၁၁ ကေဗွီ ဓာတ်အားခွဲရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၏ တိန်းဟွန်း- ဘိုကုန်း- သပြေလှ ကျေးရွာချင်းဆက်လမ်းသစ်ဖောက်လုပ်နေမှုနှင့် ကိုကိုမြင့် ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသည့် နုတ်ချို- တုံးပုံလမ်းပိုင်း ဆောင်ရွက်နေမှုတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ShweGu Iprd
Visitors: 17,771