လူထုဗဟိုပြုစီမံကိန်း(တတိယနှစ် စက်ဝန်း) သက်ဆိုင်သူအဖွဲ့အစည်း ပါဝင်သုံးသပ်ဆွေးနွေးပွဲ၌ အကောင်းဆုံးကျေးရွာများအား ဆုချီးမြှင့်

မိုးကောင်း ဇွန် ၁၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်း(တတိယနှစ် စက်ဝန်း) သက်ဆိုင်သူအဖွဲ့အစည်း ပါဝင်သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် မိုးကောင်းမြို့ခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင် တို့ကအမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်က လူထုဗဟိုပြုစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းသည်။
" ကျေးလက်နေပြည်သူများအနေနဲ့ ဒီကျေးလက်မှာရှိတဲ့ လူထုအခြေခံ၊ ကျေးရွာဖွ့ဖြိုးရေးအခြေခံ အဆောက်အဦးကို လူထုကိုယ်တိုင်ရွေးချယ်ပြီး အကောင်အထည်ဖော်တဲ့နည်းစနစ်နဲံ ဆောင်ရွက်တာဖြစ်ပါတယ်။ တတိယနှစ်စက်ဝန်းမှာဆိုရင် မိုးကောင်းမြို့နယ်မှာ လမ်းတံတား ရရခု၊ ရေပေးဝေရေးလုပ်ငန်း ၃ ခု၊ ပညာရေးလုပ်ငန်း ၁၇ ခု၊ ကျေးရွာခန်းမဆောင် ၁၁ ခု၊ အခြား ၂ ခု စုစုပေါင်း လုပ်ငန်းခွဲပေါင်း ၁၁၀ ခုကို ရန်ပုံငွေကျပ်သန်းပေါင်း ၁ ဒဿမ ၆ ဘီလီယံ သုံစွဲပြီး အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ် " ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးနေသူရိန်စိန်လှ ကပြောကြားသည်။
ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူးက မိုးကောင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းတွင် ဆောင်ရွက်ထားရှိမှု၊ အကောင်းဆုံးဆုရွေးချယ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းသည်။
ထို့နောက် မြို့နယ် TPIC အဖွဲ့ဝင်များက ကျေးရွာနှင့် ကျေးရွာအုပ်စုအဆင့် အကောင်းဆုံးဆောင်ရွက်ထားရှိမှုများကို ကြေငြာဖော်ပြပြီး တက်ရောက်လာသူတာဝန်ရှိသူများက ဆုအသီးသီးချီးမြှင့်သည်။
ဖျော်ဖြေရေးအက များလည်းပါဝင်ကပြကြကြောင်း သိရသည်။
Visitors: 19,921