ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး

မြစ်ကြီးနား ဇွန် ၁၁
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄၁ ဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန်ကျေး ရွာအုပ်စု၊ နန်ဆိန်ကျေးရွာနှင့် ချီလာဝါဒီကျေးရွာအကြားရှိ အရှည်ပေ(၂၀၀)ကျော်ရှိ ကြိုးတံတားအား ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် အသစ်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်း၊ ကချင် ပြည်နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များ အထိန်းအကွပ်မဲ့ကာ ခရီးသည်တင်ဆောင်ပြေးဆွဲနေ ခြင်းများကြောင့် လိုင်စင်ရှိအသင်းအဖွဲ့ယာဉ်လိုင်းများနှင့်မော်တော်ယာဉ်များနစ်နာမှုရှိနေခြင်းကြောင့် လိုင်စင်မဲ့မော်တော်ယာဉ်များ ခရီးသည်တင်ပြေးဆွဲနေခြင်းအပေါ် အစိုးရအဖွဲ့မှ မည်သို့စီမံချက်များ ချမှတ်အကောင်အထည်ဖော်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းများကို မေးမြန်းကြရာ ပြည်နယ်လမ်းပန်းဆက် သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ဆက်လက်၍ မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာအုပ်စု ကွင်းအမည် ပင်းရဲလှကွင်း၊ ကွင်းအမှတ် (၃၃၁)တွင် တောင်သူလယ်သမားဦးရေ (၁၆)ဦး လယ်မြေဧရိယာ(၁၇၀)အား စိုက်ပျိုးလုပ်ကိုင်လျက်ရှိ သော နန့်ပုတ်ချောင်းသစ်ခက်ဆည်အား အဆင့်မြှင့်ကွန်ကရစ်ဆည်အဖြစ် တည်ဆောက်ပေးရန် အစီ အစဉ်ရှိ/မရှိမေးခွန်းနှင့် ဆွမ်ပရာဘွမ်မြို့နယ်၊ ကုတင်(၅၀)ဆံ့မြို့နယ်ဆေးရုံကြီးသည် ပျက်ဆီးယိုယွင်း နေပါသဖြင့် အဆင့်မြင့်ပြုပြင်မွမ်းမံဆောက်လုပ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းများကို မေးမြန်းကြ ရာ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီက “ကချင်ပြည်နယ် သတ္တုအသေးစားနှင့်လက်လုပ်လက်စားလုပ်ငန်း ဥပဒေကြမ်း” ကို တင်သွင်းခဲ့ပြီး အစည်းအဝေးသတ္တမနေ့ကိုရပ်နားလိုက်ကာ ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီးသည်။
Visitors: 18,958