ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးနှင့်အဖွဲ့ အလှူရှင်များ မိုးကောင်းမြို့နယ် ရေရှားပါးသည့် နေအိမ်များအား သောက်သုံးရေ ပေးဝေ

မိုးကောင်း ဇွန် ၁၀
မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာအုပ်စု၊ မရမ်းကျေးရွာတွင် ရေရှားပါးသည့် နေအိမ်များအား ကချင်​ပြည်​နယ်​ အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စည်ပင် သာယာရေးဝန်ကြီးဌာန၊ မိုးကောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးစီးအဖွဲ့၊ မြို့နယ် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန် ၉ ရက် နံနက် ၁၀ နာရီတွင် သောက်သုံးရေ ပေးဝေလှူဒါန်းကြကြောင်း သိရသည်။

ယင်းသို့ လှူဒါန်းရာတွင် အဆိုပါရပ်ကွက် အပိုင်း ၂၊ ၆၊ ၇ မှ အိမ်ခြေ ၁၀၀ ရှိ လူဦးရေ ၁၃၀၀ ခန့်အား စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း နှင့်စည်ပင် သာယာရေးဝန်ကြီး ဦးနော်လီတို့မှ 1 Litre ၁၈ဝဘူး၊ 0.7 Litre ၄၈၀ ဘူး ၊ မိုးကောင်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့မှ 20 Litre ၇၆ ဘူး၊ မြို့နယ် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန မှ 20 Litre ၄၃ဘူး လှူဒါန်း ပေးဝေရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ မီးသတ် တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ကြကြောင်း သိရသည်။

အလားတူစွာ မြို့နယ် မီးသတ်ဦးစီးဌာနက ရေဂါလံ(၁၆၀၀) ဆံ့ ရေသယ်ယာဉ်(၂) စီးဖြင့် သယ်ယူပို့ဆောင်ဖြည့်တင်းပေးသော သောက်သုံးရေ (၄၈၀၀) ဂါလံကိုလည်း ကူညီဖြည့် ဆည်းပေးခဲ့ကြောင်း သိရသည်။
Visitors: 18,958