ကချင်ပြည်နယ်အတွင်း တက္ကသိုလ်စာမေးပွဲအောင်စာရင်းတွင် ဖြေဆိုသူ ၃၅၉၄၆ ဦးအနက် ၁၀၅၂၅ ဦး ဖြေဆိုအောင်မြင်ခဲ့

မြစ်ကြီးနား ဇွန် ၈
၂၀၁၉ ခုနှစ်၊ မတ်လအတွင်း ကျင်းပခဲ့သော တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ အောင်ချက်စာရင်းကို ယနေ့တွင် ကချင်ပြည်နယ်အတွင်းရှိ ပညာရေးမှူးရုံးများနှင့် အခြေခံပညာကျောင်းများတွင် ထုတ်ပြန် ကြေငြာခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၃၅၉၄၆ ဦးအနက် ၁၀၅၂၅ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ထုတ်ပြန်ကြေငြာချက်တွင် မြစ်ကြီးနားခရိုင်တွင် ဖြေဆိုသူ ၁၃၂၈၉ ဦးတွင် အောင်မြင်သူ ၃၉၀၀ ဦး၊ မိုးညှင်းခရိုင်တွင် ဖြေဆိုသူ ၁၂၇၀၄ ဦးတွင် အောင်မြင်သူ ၄၁၂၅ ဦး၊ ဗန်းမော်ခရိုင်တွင် ဖြေဆိုသူ ၇၇၅၅ ဦးတွင် အောင်မြင်သူ ၂၁၂၇ ဦးနှင့် ပူတာအိုခရိုင်တွင် ဖြေဆိုသူ ၂၁၉၈ ဦးတွင် အောင်မြင်သူ ၃၇၃ ဦးရာ ပြည်နယ်တစ်ခုလုံးတွင် ဖြေဆိုသူ ၃၅၉၄၆ ဦးအနက် ၁၀၅၂၅ ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၂၉.၂၈ % ရှိကြောင်းသိရှိရသည်။
ပြည်နယ်အတွင်း ဂုဏ်ထူးရရှိမှုအနေဖြင့် (၆)ဘာသာဂုဏ်ထူးရှင် ၈ ဦး၊ (၅)ဘာသာ ၂၃ ဦး၊ (၄)ဘာ သာ ၂၅ ဦး၊ (၃)ဘာသာ ၁၀၄ ဦး၊ (၂)ဘာသာ ၂၆၁ ဦးနှင့် (၁)ဘာသာ ၁၀၄၈ ဦးရှိကြောင်းနှင့် ဖားကန့်မြို့ နယ်သည် ဖြေဆိုသူ ၃၀၂၄ ဦးအနက် ၁၀၄၀ ဦးဖြေဆိုအောင်မြင်ခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၄.၃၉ % ဖြင့် အောင်ချက်အကောင်းဆုံးမြို့နယ်ဖြစ်ကြောင်း သိရှိရသည်။
Visitors: 18,958