အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကျင်းပ

မြစ်ကြီးနား ဇွန် ၈
၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၂)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနား မြို့ ကွန်ပျူတာတက္ကသိုလ်နှင့် အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲများကျင်းပနေမှုကို ပြည်နယ်မူးယစ်ဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းနှင့် အဖွဲ့ ဝင်များ၊ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းနှင့် တာဝန်ရှိသူများက ကွန်ပျူတာတက္ကသိုလ်၊ မြစ်ကြီးနား၌ ထက်၊ လယ်၊ မူအဆင့်ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲများကျင်းပနေမှုနှင့် အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌အထက်တန်းနှင့်အလယ် တန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများတွင် ကျောင်းသား/သူလေးများ၏ ပါဝင်ယှဉ်ပြိုင်နေမှုကိုလှည့် လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ပြိုင်ပွဲများကို မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်များရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ သူ များက ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ၁၈၇ ဦးနှင့် စာစီစာကုံးနှင့် ကဗျာ ပြိုင်ပွဲများတွင် ၂၀၄ ဦးတို့ဖြင့် ယခုနှစ်အတွက် အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့၊ အပေါင်းအသင်းရွေးချယ်ပါ၊ ပြည်ထောင်စုငြိမ်းချမ်းဖို့ မူးယစ်ရန်မီးငြိမ်းသတ်စို့၊ နိုင်ငံကိုချစ် လူမျိုးချစ်၊ မူးယစ်မှန်သမျှ တိုက်ဖျက်ပစ်၊ မျိုးဆက်သစ်ဘဝလှပဖို့၊ မူးယစ်ဟူသမျှရှောင်ရှားစို့၊ ဦးစွာနာထောင်ပါ စသည့် ဆောင်ပုဒ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ယနေ့ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဇွန် ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်း အနားတွင် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Visitors: 16,809